
အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ မင်းသားကြီးကာသီနဲ့ မင်းသမီးရာရှီးခန်နားတို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ စပိုင်အက်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်.... လတ်တလော မြန်မာပြည်က ရုံမချသေးပေမယ့် အကြည်ဗားရှင်းတက်လာလို့ ဦးဦးဖျားဖျား CM ကနေ စာတန်းထိုးတင်ဆက်ပေးလိုက်ပါတယ်နော် ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဗီဂျေးဟာ တမီလ်နာဒုပြည်နယ် တဝိုက်မှာ ရေပန်းစားနေတဲ့ ရဲအရာရှိလေးပေါ့ သူ့ကြောင့်နဲ့ တမီလ်နာဒုရဲဌာနကို ဂုဏ်တက်အောင် ဆောင်ကြဉ်းပေးခဲ့သူပါ... ဒါပေမဲ့ အတိတ်က အမည်းစက်က ဖျောက်ဖျက်ရခက်တယ်မလား သူ့ဖခင် ဆာဒါဟာ နိုင်ငံတော်အတွက်စပိုင်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် နိုင်ငံတော်သစ္စာဖောက်ပုန်ကန်သူဆိုပြီး ကင်ပွန်းတပ်လိုက်ကြတော့ ဒီဂယက်ဟာ သူဘယ်လောက်ပဲ ကောင်းကျိုးထမ်းရွက်နေပါစေ သူ့ဆီတော့ လာရိုက်ခတ်နေပါတယ်... ဆာဒါဟာ အဲ့ဒီဖြစ်စဉ်ပြီးကတည်းက သေလားရှင်လားမသိရတော့တဲ့သူပါ...။ တစ်ဖက်မှာလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဟာ နိုင်ငံ့အကျိုးအတွက်လို့ အမည်တပ်ပြီး ပရောဂျက်တစ်ခုကနေ ပြည်သူတွေဆီက အမြတ်ထုတ်ဖို့ ကြံနေပါတယ်... ဒါကို သိတဲ့ တခြားစပိုင်တွေဟာလည်း ဒီပရောဂျက်ကြီးကို ရှင်းထုတ်ဖို့အရေးကြံရပါတော့မယ်... အဲ့ဒီလို ကြံနေတဲ့သူတွေဟာလည်း ဒီကိစ္စကို ဆာဒါတစ်ယောက်ကပဲ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်လာကြတဲ့အခါ... ကဲ ရှေ့ဆက်ရမယ့် ကောင်းခန်းတွေကို ကိုယ်တိုင်သာ ရှုစားလိုက်ပါတော့နော်...။ ဒီဇာတ်ကားလေးမှာ မင်းသားကာသီက နှစ်ကိုယ်ခွဲနေရာက ပါဝင်သရုပ်ဆောင်ထားတဲ့အတွက် သူ့ရဲ့သရုပ်ဆောင်ချက်တွေကြားမှာလည်း စီးမျောခံစားနိုင်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်...။ File size…2.6GB / 1.3GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 46m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Thet Ko ~ Go -O ~ Taylor ~ Yunni ~ BpL
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.6GB | Download | |
| 720p | 1.3GB | Download | |
| 720p | 1.3GB | Download |