Preparing your cinema experience...

Safe House (2012) Denzel Washington နဲ့ Ryan Reynolds တို့ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Action Thriller အမျိုးအစား ဇာတ်ကြမ်းကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာတော့ Ryan Reynolds ကို CIA Agent အငယ်လေးတစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်ပြီး Denzel ကိုတော့ အထာကျကျ ဉာဏ်ကစားမယ့် ဆရာကြီးအဖြစ် မြင်တွေ့ရမှာပါ။ No One is Safe ဆိုတဲ့အတိုင်း ဘယ်လောက်ပဲ လုံခြုံအောင်လုပ်ထားထား တစ်နေရာရာကနေတော့ ယိုပေါက်က ရှိလာတတ်တာပါပဲ။ တစ်ယောက်ကိုတစ်ယောက်ထိုးချပြီး အမှားမခံနိုင်ဘဲ ဘဝပျက်သွားနိုင်တဲ့ ကစားပွဲမှာ အပြိုင်အဆိုင်ဉာဏ်ကစားရင်းနဲ့ နောက်ကွယ်က လက်မည်းကြီးတွေကိုဖော်ထုတ်နိုင်ပါ့မလားဆိုတာ…။