
မိုင် လို့ခေါ်တဲ့ တရုတ်မလေးက တစ်ခါမြင်ထားလိုက်ရင် ဘယ်တော့မှ မမေ့တော့အောင်အထိကို မှတ်ဉာဏ်တအားကောင်း လွန်းတဲ့သူပါ။ ဒီလို ဉာဏ်ကောင်းတဲ့အတွက်လည်း ဒုစရိုက်ဂိုဏ်းအချို့နဲ့ လုပ်ငန်းရှင်အချို့က မိုင်ကို အပြိုင်အဆိုင် အလို ရှိနေကြပါတယ်။ တစ်ရက်မှာတော့ တရုတ်လုပ်ငန်းရှင်ကြီးတစ်ယောက် က မိုင်ကို ပြန်ပေးသွားပြီး သူ့ရဲ့ ဒုစရိုက်လုပ်ငန်းတွေမှာ အသုံးချဖို့ နယူးယော့ခ်မြို့က တရုတ်တန်းဆီကို ခေါ်သွားခဲ့ပါတယ်။ တစ်ဖက်မှာတော့ လုခ်ရိုက် က ရုရှားမာဖီယားတွေ နဲ့ တိုက်ခိုက်ရင်း တစ်ဖက်လူကို သတ်မိလိုက်တာကြောင့် မာဖီယားတွေက လုခ် ရဲ့ ဇနီးသည်ကိုသတ်ပြီး လက်စားချေသွားပါတယ်။ ဇနီးသည်ဆုံးရှုံးလိုက်ရတဲ့ လုခ်လည်း အရက်သမားလုံးလုံးဖြစ်ပြီး အိမ်ခြေယာမဲ့အနေနဲ့ လေလွင့်နေပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့မှာ တရုတ်လုပ်ငန်းရှင်ကြီး က မိုင်ကို နံပါတ်တွဲအရှည်ကြီးတစ်ခု မှတ်ခိုင်းပြီး သိပ်မကြာခင်မှာပဲ ရုရှားမာဖီးယားတွေက မိုင့်ကို ထပ်ပြီး ပြန်ပေးဆွဲသွားခဲ့ပါတယ်။ အခွင့်အရေးရတုန်း မာဖီးယားတွေလက်ကနေ ပြေးလာတဲ့ မိုင် နဲ့ လုခ်တို့ ဆုံကြတဲ့အခါ ... ရဲတွေ၊ လူမိုက်ဂိုဏ်းတွေ နဲ့ မသမာတဲ့ လုပ်ငန်းရှင်တွေ ကြား ကံအကြောင်းမလှဘဲ ရောက်သွားတဲ့ မိုင်တစ်ယောက် ဘေးကင်းပါ့မလား? လုခ်ကကော မိုင့်ကို ဘယ်အတိုင်းအတာထိ ကာကွယ်ပေးသွားနိုင်မလဲ? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်လိုက်ကြရအောင်ပါ။ Jason Statham ရဲ့ ဇာတ်ကားဖြစ်တာနဲ့ အညီ အကြမ်းစား အမိုက်စား တိုက်ခိုက်ခန်းတွေနဲ့ အက်ရှင်ဇာတ်ကားရဲ့ အရသာကို အပြည့်အဝ ခံစားရမဲ့ ဇာတ်ကားကောင်းလေးပါ။ File Size : 2.3GB, 720MB, 369MB Quality : 1080p Blu-ray AC3 5.1CH, 720p Blu-ray, 480p Format : mp4 Duration : 1hr & 34mins Genre : Action, Crime, Thriller Translated by Poant Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |