
Runway Cop (2012) *********************** Runway Cop (2012) ရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက်တာ Shin Tae-ra ရိုက်ကူးထားတဲ့ တောင်ကိုရီးယား အက်ရှင်ဟာသကားတစ်ကား ဖြစ်ပါတယ်။ ဒီကားမှာတော့ Kang Ji-hwan နဲ့ Sung Yu-ri တို့က အဓိကပါဝင် သရုပ်ဆောင်ထားပြီး Lee Soo Hyuk နဲ့ Park Bo Gum တို့ကလည်း Supporting Casts များ အဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း ******************** ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်က Cha Cheol-soo (Kang Ji-hwan) လို့ ခေါ်တဲ့ ရဲအရာရှိ တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူဟာ အတော်လေးကို ဝပြီးတော့ တစ်ကိုယ်ရည် သန့်ရှင်းရေးကိုလည်း ဂရုမစိုက်တဲ့အတွက် အနံ့အသက် အလွန်ဆိုးဝါးပြီး အမြဲ ညစ်ပတ်နံစော်နေတတ်တဲ့ ရဲတစ်ယောက်ဖြစ်ပေမဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်တဲ့ နေရာမှာတော့ အစွမ်းကုန် ကြိုးစားတတ်တဲ့သူပါ။ တစ်နေ့မှာတော့ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတစ်ခုကို ဖော်ထုတ်ဖို့အတွက် ဖက်ရှင်လောကထဲကို လျှို့ဝှက်စုံစမ်းထောက်လှမ်းဖို့ တာဝန်ပေးခံခဲ့ရတယ်။ အဲဒီအတွက် သူဟာ မော်ဒယ်တစ်ယောက်အဖြစ် ဟန်ဆောင်ရမှာပဲဖြစ်ပါတယ်။ ပြဿနာကတော့ မော်ဒယ်ဖြစ်ဖို့အတွက် အချိန်တိုအတွင်း ၂၀ ကီလိုဂရမ် လောက် ကိုယ်အလေးချိန်ချပြီး ခန္ဓာကိုယ်ကိုပါ ပြောင်းလဲရမှာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ Cha Cheol-soo တစ်ယောက် သူ့ရဲ့ ရဲတာဝန်ကို ထမ်းဆောင်ရင်း ဖက်ရှင်လောကထဲမှာ မော်ဒယ်တစ်ယောက်အနေနဲ့ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမလဲ၊ ဒီဇိုင်နာ Young-jae နဲ့ရော ဘယ်လိုဆက်ဆံရေးတွေဖြစ်လာမလဲ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေတဲ့ ဂိုဏ်းကိုရော ဖော်ထုတ်နိုင်မလားဆိုတာကို ဟာသနှောပြီး တင်ဆက်ထားတာဖြစ်လို့ အက်ရှင်ဟာသ ဇာတ်လမ်းအမျိုးအစားကို ကြိုက်နှစ်သက်သူများ ကြည့်ရှုအားပေးကြပါဦးလို့ ပြောချင်ပါတယ် ခြုံပြီးပြောရရင် “Runway Cop” ဇာတ်ကားဟာ စိတ်ကို ပေါ့ပါးစေပြီး တဝါးဝါး တဟားဟားနဲ့ ရယ်မောပျော်ရွှင်စေမဲ့ ကိုရီးယား ဟာသကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်ကားအရှေ့ပိုင်းမှာတော့ ရွံစရာကောင်းတဲ့ အခန်းလေးတွေ ပါတဲ့အတွက်ကြောင့် ထမင်းစားရင်းနဲ့တော့ မကြည့်ကြပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miriက ရေးသားထားပါတယ်) File Size – 1.92 GB/ 794 MB Quality – WEB-DL 1080p/ 720p Duration – 1h 50m Format – mp4 Genre – Action, Comedy, Romance Subtitle – Myanmar Subtitle (Hard Sub) Translated by – Miri Encoded by – Treasure Htet
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | 794 MB | Download | |
| 720p | 794 MB | Download | |
| 720p | 794 MB | Download | |
| 720p | 794 MB | Download | |
| 720p | 794 MB | Download | |
| 1080p | 1.92 GB | Download | |
| 1080p | 1.92 GB | Download | |
| 1080p | 1.92 GB | Download | |
| 1080p | 1.92 GB | Download |