
အခုတစ်ခါ မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မင်းသားကြီး So Ji Sub ရဲ့ အက်ရှင်ကားလေးတစ်ကား ဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာလည်း ဒီမင်းသားကြီး ဦးဆောင်ပါဝင်မဲ့ Doctor Lawyer ဆိုတဲ့ Series လည်း ထွက်လာဦးမှာပါ။ ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ... ဂန်ဖယ်ဆိုတာကတော့ အင်မတန်ကြမ်းတမ်းတဲ့ လုပ်ရပ်တွေကြောင့် လူမိုက်ဂိုဏ်းတစ်ခုရဲ့ အဆင့် ၂ နေရာကို ရောက်ရှိလာခဲ့ပါပြီ။ ဒီလို ကြမ်းတမ်းတယ်ဆိုပေမဲ့လည်း တစ်ဖက်မှာတော့ ဂန်ဖယ်ဟာ နူးညံ့တဲ့သဘောရှိပြီး အနုပညာကိုလည်း မြတ်နိုးသူ တစ်ယောက်ပါ။ ဆူထာ ဆိုတာကတော့ အက်ရှင်မင်းသား ဖြစ်ပြီး ခပ်ကြမ်းကြမ်း သရုပ်ဆောင်ရတာကို ကြိုက်နှစ်သက်တဲ့သူပါ။ ကြမ်းတမ်းမှု အဆင့်တွေ သတ်မှတ်လိုက်ရင် ဆူထာ နဲ့ ဂန်ဖယ်တို့က အတူတူလောက်ပါပဲ။ မင်းသားဂျန်ဆူထာက ရိုက်ကွင်းမှာ အတူတူရိုက်ကူးတဲ့ တစ်ဖက်သရုပ်ဆောင်ကို အက်ရှင်ကား ရိုက်ကူးရင်း အမှန်တကယ် ချလိုက်တာကြောင့် ဆေးရုံတင်လိုက်ရလို့ သူနဲ့အတူ တွဲရိုက်ပေးမယ့် သရုပ်ဆောင်တွေ တစ်ယောက်မှ မရှိတော့ပါဘူး။ အဲ့လိုအချိန်မှာ အရင်က အရက်ဆိုင်မှာ တစ်ခါရန်ဖြစ်ဖူးတဲ့ ဂိုဏ်းစတားခေါင်းဆောင် ဂန်ဖယ်ကို သူနဲ့အတူ ရိုက်ပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဂန်ဖယ်ကလည်း အရင်က ရိုက်ခဲ့ဖူးတဲ့ မင်းသားတွေလို သူနဲ့တကယ်ချနိုင်မယ်ဆိုရင် ရိုက်ကူးပေးမယ်လို့ ပြောခဲ့ပါတယ်။ ဒီလို ခပ်ကြမ်းကြမ်းတွေ လုပ်တတ်ကြတဲ့ သူတို့နှစ်ယောက် ဇာတ်ကားကို အဆုံးထိ ပြီးဆုံးအောင် ရိုက်နိုင်ပါ့မလား? ဂန်ဖယ်ကရော နောက်ဆုံးမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲ? ဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် အက်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yumeko ပါ။) File Size : 3.3GB, 1GB & 471MB Quality : 1080p Blu-ray AC3 5.1CH, 720p & 480p Format : mp4 Duration : 1hr & 53mins Genre : Action, Crime, Drama Translated by Yumeko Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3.3GB | Download | |
| 720p | 1GB | Download |