
(1080p ရပါပြီ) အားလုံးပဲ နာမည်ကျော်ပြဇာတ်ဆရာကြီး ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလိယက်ရဲ့ အချစ်ဇာတ်လမ်းကို ကြားဖူကြမှာပါ။ ဒီကားကတော့ ကျွန်တော်တို့မြင်ဖူးနေကျအတိုင်း ရိုမီယိုနဲ့ ဂျူးလိယက်တို့ ချစ်သူနှစ်ဦးရဲ့ အချစ်ကိုဖော်ညွှန်းထားတဲ့ ဇာတ်လမ်းမဟုတ်ပါဘူး။ ရိုမီယိုရဲ့ ရည်းစားဟောင်း ရိုဆာလင်းနေရာက ခံစားတင်ပြထားတဲ့ ဇာတ်လမ်းပါ။ ဇာတ်ကြောင်းအနေနဲ့ကတော့ ရိုမီယိုအနေနဲ့ ရိုဆာလင်းကို ချစ်လှ ကြိုက်လှပါချည်ရဲ့ ဆိုပြီး ကဗျာတွေစာတွေနဲ့ ပိုးပန်းလာခဲ့သမျှ တစ်နေ့မှာတော့ ရိုမီယိုဟာ ပျောက်သွားပါတော့တယ်။ တစ်ရက်တော့ ရိုမီယို့နောက် လိုက်ချောင်းရင်း သူ့ကိုပိုးပန်းတဲ့နည်းတွေအတိုင်း ချစ်သူအသစ်ကို ပိုးပန်းနေတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ရိုမီယိုရဲ့ ချစ်သူအသစ်ဟာ ရိုဆာလင်းရဲ့ ဝမ်းကွဲညီမ ဂျူးလိယက်ဖြစ်နေပြန်ပါတယ်။ ဒီတော့ ရိုဆာလင်းအနေနဲ့ ကြိတ်မနိုင်ခဲမရဖြစ်ကာ သစ်စိမ်းချိုး ချိုးသွားသူ ရိုမီယိုကို ပြန်ရဖို့အရေး အကြံတွေထုတ်ပါတော့တယ်။ ဝမ်းကွဲညီမဖြစ်သူကိုလည်း ရိုမီယိုနဲ့ဝေးဖို့အရေး တွန်းပို့တော့တာပေါ့။ ရိုဆာလင်းရဲ့အကြံတွေ အောင်မြင်ပါ့မလား? ဒါမဟုတ် ဝတ္ထုရဲ့ မူရင်းအတိုင်းပဲ ရိုမီယိုတို့ အဆုံးသတ်မလား? ဆိုတာ ခံစားကြည့်ရှူလိုက်ပါဦးနော်။ တစ်ဖက်သတ်အချစ်ဇာတ်လမ်းဆိုပေမဲ့ ဒရမ်မာတွေချိုးပြီး ပူလောင်နေရတာမျိုးမဟုတ်ဘဲ ဟာသလေးနှောပြီး ရိုက်ကူးထားတာမို့လို့ ပေါ့ပေ့ါပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ ဇာတ်လမ်းမျိုးလေးပါပဲ ခင်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Jane ပါ။) File Size : 1.5GB, 620MB, 332MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 37mins Genre : Comedy, Romance Translated by Jane Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.5 GB | Download | |
| 720p | 620 MB | Download |