
အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ Student of the Year 2 ထဲမှာ ဒုတိယမင်းသားနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားချောလေး အာဒိသယစီးနဲ့ အင်မရန်းဟက်ရှမီနဲ့တွဲရိုက်ခဲ့တဲ့ Dybbuk 2021 ဟော်ရာကားထဲက မင်းသမီးချောလေး နီကီသားဒက်တားတို့ရဲ့သရဲဟာသကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက ဇာတ်လမ်းကိုယ်စီ အိပ်မက်တွေကိုယ်စီနဲ့ ရူးကြောင်ကြောင်သူငယ်ချင်းလေး ငါးယောက်ရဲ့အကြောင်းပေါ့။ သူတို့သူငယ်ချင်းငါးယောက်စလုံးဟာ သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကို ဖြစ်မြောက်အောင်ကြိုးစားနေပေမယ့် လုံးဝကို လက်လှမ်းမမီနိုင်တဲ့အခြေအနေမှာ မိဘတွေကလည်း သူတို့ဆန္ဒနဲ့ ဆန့်ကျင်ဘက်ဖြစ်နေခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ သူတို့ငါးယောက်စလုံး အပန်းဖြေဟိုတယ်ကြီးတစ်ခုမှာ အခမဲ့တည်းခိုခွင့်ရသွားပါတော့တယ်။ သူတို့ ဟိုတယ်ကြီးဆီရောက်သွားတော့ ဟိုတယ်ဝန်ထမ်းတွေဟာ ကလေးတွေသာ ဖြစ်နေပြီး ဟိုတယ်တစ်ခုလုံးမှာလည်း စုစုပေါင်း ကလေးငါးယောက်ပဲရှိနေပါတယ်။ သူတို့ဟိုတယ်ကြီးဆီ ရောက်သွားတဲ့အချိန်ကစလို့ ထူးထူးဆန်းဆန်းတွေဖြစ်ပေါ်နေခဲ့ပြီး နောက်ဆုံးတော့ သူတို့ဟာ ကလေးသရဲငါးယောက်အပိုင်စီးထားတဲ့ ဟိုတယ်တစ်ခုထဲ ရောက်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါမှာတော့...။ ကဲ ဘာဆက်လုပ်ရမလဲ သိတယ်မလား။ ဒီဇာတ်ကားထဲမှာ cameo အနေနဲ့ ရန်ဗီးကပူးနဲ့ နိုရာဖတေဟီတို့ကလည်း ပါဝင်အားဖြည့်ထားတယ်နော်။ ရှုစားလိုက်ပါဦးနော်...။ File size…3.17GB / 1.69GB Quality…1080p WEB DL /720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |