
Rock Sugar (or) Bullied (2021) ====================== ကျောင်းသားကားတွေကြည့်ဖူးနေရင် ကျောင်းတွင်းအနိုင် ကျင့်ခံရတဲ့ အဖြစ်တွေကိုလည်း မစိမ်းလောက်ဘူးထင်ပါ တယ်။ ကလေးတစ်ယောက် ကျောင်းမှာ အနိုင်ကျင့်ခံနေရ တာကိုရိပ်မိပြီး ကာကွယ်ပေးဖို့က မိဘတွေအတွက် အဓိက တာ၀န်တစ်ခုလို့ဆိုရမှာပါ။ အဲဒါကြောင့် ဒီဇာတ်လမ်းဟာ မိဘတွေသတိမူမိစေမယ့် ဇာတ်လမ်းမျိုးဆိုလည်း မမှားပါဘူး။ ဒီဇာတ်လမ်းမှာတော့- ရှားလာ့ထ်ဆိုတဲ့ ၁၂ နှစ်အရွယ် ကလေးမလေးဟာ ကျောင်းမှာ အမြဲအနိုင်ကျင့်ခံနေရသူပေါ့။ သူ့ကိုအမြဲအနိုင်ကျင့်တဲ့ ကောင် မလေးကလည်း အားကစားထူးချွန်သူ၊ ဆရာတွေရဲ့အချစ်တော်ပါ။ တကယ်တမ်းပြဿနာဖြစ်လာတိုင်း ဆရာတွေက သူ့ဘက်မပါပါ ဘူး။ မိဘတွေကပါ သူ့ကိုဆိုးတယ်လို့မြင်ကြပါတယ်။ ဒီလိုနဲ့ အမျိုး မျိုးခြိမ်းခြောက် အနိုင်ကျင့်ခံနေရပေမဲ့ သူဆိုးတယ်ပဲ အမြင်ခံရတဲ့ ၁၂ နှစ်အရွယ် ကလေးမရဲ့စိတ်ဟာ အတော်ဖိစီးလာတဲ့အခါ... ဇာတ်လမ်းကြည့်စမှာ ကျောင်းတွင်းအနိုင်ကျင့်ခံရတဲ့ plot မျိုးပါ၊ ကြည့်ရင်းနဲ့ ဇာတ်အလှည့်အပြောင်းတွေက လျှို့ဝှက်သည်းဖိုလား လူသတ်ကားလားလို့တောင် ထင်မိလာစေပါတယ်။ ရှားလာ့ထ်တစ် ယောက် သူအနိုင်ကျင့်ခံရတာကို ဘယ်လိုရင်ဆိုင်မလဲ၊ သူတို့မိသား စုကြားမှာ ဘာပြဿနာဘယ်လိုဝင်လာမလဲဆိုတာကိုတော့ အဆုံးထိ ဆက်ကြည့်လိုက်ရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.1 GB) / (545 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 10Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......C'mon Encoder..........SWM
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
June 1, 2021
ကြာချိန်
1h 21m
အဆင့်သတ်မှတ်ချက်
0.0 / 10
Director
Angela How