
တချို့ဇာတ်ကားတွေက ထွက်ရှိတာ ဘယ်လောက်ပဲကြာခဲ့ပါစေ၊ ပိုစတာလေး မြင်ရုံ၊ ဗီဒီယိုအတိုအစလေးတစ်ခုကို မြင်လိုက်ရုံနဲ့ အဲဒီဇာတ်ကားကို ကြည့်ခဲ့စဉ်က အချိန်နဲ့ အဖြစ်အပျက်တွေကို ပြန်လည်မြင်ယောင်လာတဲ့ Nostalgiaလို့ခေါ်တဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တဲ့ ဇာတ်ကားတွေ အများကြီးပါ။ ဘာသာပြန်သူလို ၁၉၉၀နှောင်းပိုင်းမွေးသူတွေအဖို့ ထိုခံစားချက်ကို အပေးနိုင်ဆုံး ဇာတ်ကားတွေက animationလို့ခေါ်ရမယ့် ကာတွန်းကားတွေပဲ ဖြစ်မယ် ထင်ပါတယ်။ VCDခေတ်ကစလို့ တရုတ်ကလာတဲ့ ၃၂ကားတွဲ ကတ်ထူအဖုံးနဲ့ ကာတွန်းခွေတွေ၊ ၄ကားတွဲ၊ ၈ကားတွဲ ကာတွန်းခွေတွေ စသဖြင့် ကျွန်တော်တို့ ကလေးဘဝမှာ ကာတွန်းကား၊ ပါဝါရိန်းဂျားကား၊ ဘာဘီကားတွေနဲ့ မဖြတ်သန်းဖူးတဲ့သူဆိုတာ အတော်ရှားမှာပါ။ ဒီဇာတ်ကားကလည်း ငယ်ငယ်တုန်းက အခွေတွဲ အများစုထဲမှာ ပါခဲ့တဲ့ ဇာတ်ကားဖြစ်သလို အတော်များများလည်း ရင်းနှီးမယ့် ဇာတ်ကားပါပဲ။ ဒီ Animationကို 20th Century Foxကနေ ဖြန့်ချိခဲ့တာဖြစ်ပြီး IMDb 6.4နဲ့ RT 64%ရရှိထားပါတယ်။ Ratingတွေဆိုတာထက် ဒီဇာတ်လမ်းကို ကြည့်ရတဲ့ခံစားချက်ကိုက သဘောကျဖို့ကောင်း နေတဲ့ ဇာတ်ကားမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်းက နယ်မြို့လေးမှာ ကြီးပြင်းလာတဲ့ ရော့ဒ်နီ ကော့ပါးဘော်တွန်ဆိုတဲ့ စက်ရုပ်လေးက ငယ်ငယ်ကတည်းက တီထွင်ဖန်တီးရာမှာ ပါရမီရှိတဲ့သူ ဖြစ်သလို အကူအညီလိုအပ်နေတဲ့ တခြားစက်ရုပ်တွေကို ကူညီပေးဖို့ အထုံ ပါလာသူပဲ ဖြစ်ပါတယ်။ သူ့မှာ အိပ်မက်တစ်ခုရှိပြီး အဲဒါကတော့ စက်ရုပ်မြို့တော်ကြီးဆီ သွားပြီး သူ့ရဲ့စံပြစက်ရုပ်ဖြစ်တဲ့ ဘစ်ဝဲဒ် ဆိုတဲ့ စက်ရုပ်ကြီးနဲ့ တွေ့ဆုံဖို့ပါ။ ဒီစက်ရုပ်ကြီးက တခြားသူတွေ ဘာလိုအပ်နေလဲဆိုတာ အမြဲရှာဖွေပြီး ဖြည့်ဆည်းပေးတတ်တဲ့သူ ဆိုပြီး သတင်းကြီးတဲ့ စက်ရုပ်ကြီးပေါ့။ အဲဒီလိုနဲ့ ရော့ဒ်နီတစ်ယောက် သူ့အိပ်မက်ကိုပုံဖော်ဖို့ မြို့တော်ကို တက်ပြီး ဘစ်ဝဲဒ် တည်ထောင်ထားတဲ့ ကုမ္ပဏီကို သွားတွေ့ရာမှာ သူထင်ထားသလို ဖြစ်မနေဘဲ ဘစ်ဝဲဒ်ရဲ့နေရာကို ရက်ချက်ဆိုတဲ့ စက်ရုပ်က အစားထိုးဝင်နေတာ တွေ့လိုက်ရပါတယ်။ ရက်ချက်ရဲ့ ရည်ရွယ်ချက်က အမြတ်စွန်းရဖို့ပဲဖြစ်ပြီး နွမ်းပါးတဲ့ စက်ရုပ်တွေ ပြန်လည်ပြုပြင်ဖို့လိုအပ်တဲ့ အပိုပစ္စည်းထုတ်လုပ်မှုတွေကို ရပ်ပြီး upgradeစက် အသစ်တွေကို ဈေးတင်ရောင်းဖို့ပါပဲ။ သူ့စက်တွေ ရောင်းရဖို့ စက်ရုပ်အဟောင်းတွေ ပျက်စီးနေတဲ့စက်ရုပ်တွေကိုပါ ဒိတ်အောက်တယ်လို့ သတ်မှတ်ပြီး ဖမ်းဆီးဖျက်ဆီးနေသူပါ။ ဒါကြောင့် ရော့ဒ်နီဟာ နွမ်းပါးတဲ့စက်ရုပ်တွေကို ကိုယ်ထူကိုယ်ထ ကူညီပေးတဲ့ စက်ရုပ်လေးဖြစ်လာခဲ့ပြီး မြို့တော်ကြီးမှာ နာမည်ရ လာခဲ့ပါတယ်။ အဲဒီလိုနဲ့ပဲ ရော့ဒ်နီနဲ့ လောဘကြီးတဲ့ ရက်ချက်တို့ ထိပ်တိုက်ရင်ဆိုင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Animation, Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 1080p | 2 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.4 / 10
Director