
မြူးမြူးလေးနဲ့ ရင်သပ်ရှုမောဖွယ် အက်ရှင်ဇာတ်ကားကောင်းလေး တစ်ပုဒ်ကို လိုအပ်နေတဲ့ ရုပ်ရှင်ချစ်သူတို့အတွက် ဒီဇာတ်ကားလေးကို ညွှန်းလိုက်ပါရစေ။ ဒုတိယကမ္ဘာစစ်ကြီး ပြီးကာစ မီလန်မြို့လေးမှာ ဇာတ်အိမ်တည်ပြီး ရိုက်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ခုပါ။ စစ်ပွဲအတွက် သုံးဖို့ အီတလီနိုင်ငံသားတွေ ပေးထားတဲ့ နှစ် ၂၀ ကျော်က ရတနာပစ္စည်းတွေကို ဖက်ဆစ်ခေါင်းဆောင် မူဆိုလီနီတို့က သိမ်းယူထားခဲ့တယ်။ အဲ့ဒါကို သိသွားတဲ့ မှောင်ခိုသမားလေး ပီအဲထရို တစ်ယောက် စီမံကိန်းကြီး အကြီးကြီးကို ချလိုက်တယ်။ အဲ့ဒါကတော့ "Robbing Mussolini" မူဆိုလီနီကို ဓါးပြတိုက်ဖို့ပဲ ဖြစ်ပါတယ်။ ပီအဲထရိုရဲ့ ချစ်သူ အီဘုန်းက မူဆိုလီနီရဲ့ အယုံကြည်ရဆုံး အရာရှိတစ်ဦးရဲ့ အငယ်အနှောင်းအဖြစ် နေခဲ့တယ်။ ဒီစီမံကိန်းကြီးမှာ ပီအဲထရိုတို့အဖွဲ့က လူ ၃ ယောက်ထပ်လိုခဲ့တယ်။ သူခိုးတစ်ယောက် ဖောက်ခွဲရေးကျွမ်းကျင် တစ်ယောက်နဲ့ ကားမောင်းကျွမ်းကျင်တစ်ယောက်။ မူဆိုလီနီတို့ ဖက်ဆစ်အုပ်စုကလည်း အီတလီကနေ ထွက်ပြေးတော့မယ့် အနေအထားမှာ ပီအဲထရိုတို့အဖွဲ့က ရတနာတွေကို ဘယ်လို ဉာဏ်နီဉာဏ်နက်တွေ သုံးပြီး ဖောက်ခွင်းမလဲဆိုတာကို တစ်ဝကြီး ရင်သပ်ရှုမောဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Kit ပါ။) File Size : 1.4GB, 575MB, 298MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 30mins Genre : Action, Comedy, Crime Translated by Kit Encoded by Kinnov