
Narutoဆိုတဲ့ animeဟာ ၂၀၀၀ခုနှစ်ဝန်းကျင်က နာမည်အကြီးဆုံးကြီးသုံးကြီးမှာ (One piece, bleach, naruto)ပါခဲ့ပြီး သူ့ခေတ်သူ့အခါအချိန်တုန်းက ကြည့်ရှုသူတွေရဲ့ပါးစပ်ဖျားမှာ never give up, this is my way of ninja, Dattebayo 😅ဆိုပြီးရွတ်ဆို ခဲ့ကြတဲ့အထိ motiပေးနိုင်ခဲ့တာပါ။ ရုပ်ရှင်အနေနဲ့လည်း ကလေးဘဝကို ၃ကားထွက်ခဲ့ပြီး shippudenလူငယ် ဘဝကတော့ ၇ ကားအထိထွက်ခဲ့ပါတယ်။ ဒီကားကတော့ shippuden ရုပ်ရှင်တွေထဲမှာ ဆဌမကားဖြစ်ပြီး IMDb 7.6/10 My anime list 7.7/10ရထားပါတယ် ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့ Konohaရွာကို Akatsukiကြေးစားအဖွဲ့က ဝင်တိုက်ခိုက် ပါတယ်။ ထူးဆန်းတာက Narutoတို့သုတ်သင်ခဲ့တဲ့ Akatsukiအဖွဲ့သားအဟောင်းတွေပါ ပြန်ထွက်လာတာပါ။ Narutoတို့တွေခုခံတာကြောင့် Akatsukiတွေဟာ ထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့ ညအချိန် Narutoနဲ့Sakura နှစ်ယောက်ထဲရှိချိန်မှာ Madaraဟာပေါ်လာပြီး Narutoတို့ကို ကမ္ဘာတခုစီပို့လိုက်ပါတယ်။ အဲ့ဒီကမ္ဘာမှာ သေသွားတဲ့ သူတွေဟာ မသေပဲဆက်ရှင်သန်နေပြီး Naruto ရဲ့မိဘတွေ ဟာလည်း အကောင်းအတိုင်းရှိနေဆဲပါ။ ကျန်တာတော့ ကိုယ်တိုင်ဆက်ကြည့်လိုက်ပါ။ ဒီကားမှာသဘောကျမိတာက Narutoရဲ့မိဘတွေနဲ့အတူတူရှိချိန်မှာဖြစ်ပေါ်လာတဲ့ ခံစားချက်တွေပါ။ တစ်ရှူးလေးဆောင်ပြီးကြည့်လိုက်ကြနော်။ File size…1.17GB / 600MB Quality…1080p / 720p Format…mp4 Duration….1h 49m Genre ..... Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Dr Nyan