
Righteous Thieves ကတော့ မကြာသေးခင်မှထွက်ရှိထားတဲ့ ဒါရိုက်တာ Anthony Nardolilo ရိုက်ကူးထားပြီး Lisa Vidal, Carlos Miranda နဲ့ Jaina Lee Ortizတို့အဓိကပါဝင်ထားတဲ့ thriller ရုပ်ရှင်ဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်း အန်နဘယ်လ်ဟာ ကာလရှည်ကြာပျောက်ဆုံးနေတဲ့ အနုပညာလက်ရာတွေ အထူးသဖြင့် နာဇီတွေ ဂျူးလူမျိုးတွေဆီကမတရားသိမ်းယူထားခဲ့တဲ့ပန်းချီတွေကို ပြန်စုဆောင်းနေတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်ပါ။ အန်နဘယ်လ်ရဲ့ဆရာ ဂျိုးဇက်ဖ်ဟာ သူ့ဘဝတစ်ခုလုံး နာဇီတွေသူ့မိသားစုဆီကခိုးယူသွားခဲ့တဲ့ ပန်းချီလက်ရာတွေကို လိုက်လံရှာဖွေရင်း ကုန်ဆုံးခဲ့တယ်။ သူ့ဆရာရဲ့မပြီးမြောက်သေးတဲ့ရည်မှန်းချက်ကို အန်နဘယ်လ်ကဆက်အကောင်အထည်ဖော်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ခုလက်ရှိမှာ ပန်းချီကားတချို့ဟာ ဂျာမန်လူမျိုးအရင်းရှင် အိုတိုဟိုင်ဇန်ရဲ့လက်ထဲမှာရှိနေပါတယ်။ အဲဒါတွေကိုပြန်ယူဖို့ အန်နဘယ်လ်နဲ့သူ့ညာလက်ရုံးအက်ဒီတို့ လူစုဆောင်းကြတာမှာ လူစီ (ဟက်ကာ)၊ နာဒီယာ (သော့ဝိဇ္ဇာ) နဲ့ လူမိုက် ဘရူနိုတို့က အဖွဲ့ဝင်တွေဖြစ်လာကြတယ်။ ဟိုင်ဇန်ရဲ့ အန္တရာယ်များတဲ့အစောင့်တွေ ဇီဝမက်ထရစ်သော့တွေ နည်းပညာတွေနဲ့ အထပ်ထပ်ကာကွယ်ထားတဲ့ ပန်းချီကားတွေကို ဥပဒေဘောင်အတွင်းကနေ သူတို့ပြန်ယူကြမှာပါ။ thrillerအနေနဲ့ ထူးထူးခြားခြားစိတ်လှုပ်ရှားစရာဇာတ်ဝင်ခန်းတွေ plot twistတွေတော့ အများကြီးမပါပေမယ့် ကြည့်ပျော်တယ်လို့မြင်မိပါတယ် soundtrack တွေတော်တော်အသားပေးထားတာတွေ့ရပြီး အဲဒီထဲက rap တွေတော်တော်မိုက်တာတော့ သဘောကျတဲ့အချက်တစ်ခုပါ File size…(1.5 GB)/(800 MB )/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre...Thriller, Action, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hnin Ei Pai
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |