
Rich in Love 2 (2023) ခရမ်းချဥ်သီးမင်းသားလေးနဲ့ ဆရာဝန်မလေးစုံတွဲဆိုပြီး နာမည်ကြီးခဲ့တဲ့ ပေါ်တူဂီအချစ်ဇာတ်လမ်းလေးရဲ့အဆက် Rich in Love 2 ကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဒုတိယပိုင်းကတော့ အမေဇုန်သစ်တောနောက်ခံနဲ့ တက်တိုနဲ့ပေါ်လာတို့ရဲ့ Relationship မှာကြုံတွေ့လာရမယ့် Struggle တွေ၊ တက်တိုရဲ့ Grow Up ဖြစ်လာပုံတွေအကြောင်းပေါ့။ အမေဇုန်တောမှာလုပ်အားပေးဖို့ ပေါ်လာထွက်သွားပြီးနောက်ပိုင်း တက်တိုရဲ့အဖေက တက်တိုခွဲထွက်ထားတဲ့ကုမ္ပဏီကိုဖျက်သိမ်းပြီး မူလဖရန်စကိုကုမ္ပဏီကိုပဲ လက်လွှဲယူလိုက်ဖို့ ဖိအားပေးလာတယ်။ လူတိုင်းနီးပါးခရမ်းချဥ်သီးစိုက်နေကြတဲ့တောင်ပိုင်းမှာ ရပ်တည်ဖို့ခက်ခဲလာတဲ့ သူ့ရဲ့ကိုယ်ပိုင်ကုမ္ပဏီကို ကယ်တင်နိုင်ပြီး ပေါ်လာနဲ့လည်းအတူနေနိုင်ဖို့ ဘရာဇီးမြောက်ပိုင်းအမေဇုန်တောထဲမှာ ခရမ်းချဥ်သီးစိုက်ပျိုးရေးလုပ်ဖို့ထွက်လာခဲ့ပါတယ်။ ပေါ်လာက သူ့ Career မှာတိုးတက်ချင်တဲ့သူဖြစ်ပြီး တက်တိုက သူ့နောက်ကိုအမြဲလိုက်နေတာ သူ့လုပ်ဖော်ကိုင်ဖက်နဲ့သဝန်တိုတာတွေက သူ့အတွက်စိတ်ရှုပ်စရာဖြစ်လာတယ်။ ပေါ်တိုတစ်ယောက်အသဲကွဲရင်းနဲ့ တိုင်းရင်းသားတွေရဲ့ယုံကြည်မှုကိုရဖို့ကြိုးစားရင်း အီဗရက်တိုဆိုတဲ့ ခရိုနီအဘိုးကြီးနဲ့တိုက်ခိုက်ဖို့ဖြစ်လာတယ်။ ဒီကားမှာတော့ အမေဇုန်ရှုခင်းတွေ၊ တိုင်းရင်းသားတွေရဲ့ Lifestyle တွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည်ဖြင့် အကြောင်းအရာလေးတွေပိုစုံလာပါတယ်။ Movie Date မှာကြည့်ဖို့ Romance ဇာတ်လမ်းလေးတွေရှာနေတဲ့သူတွေအတွက် Recommend ပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 755MB Quality - 1080p, 720p Format - mp4 Duration - 1H 28Min Genre - Comedy, Music, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y