
အင်ဒီရုပ်ရှင်တစ်ခုဖြစ်တဲ့ Ribblehead က ထွက်တာမကြာသေးတဲ့ ဗြိတိသျှ စိတ္တဇဒရာမာရုပ်ရှင်ဖြစ်ပြီး သဘာဝလွန် Horror လို့လည်းပြောလို့ရပါတယ်။ ဇာတ်ကားနာမည်ဖြစ်တဲ့ Ribblehead က ဗြိတိန်နိုင်ငံမှာတည်ရှိပြီး လူသိများကျော်ကြားတဲ့ Landmark ဒေသဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်တဲ့ တောင်ကြားဖြတ်တံတားနဲ့ ရထားလမ်းအကြောင်းကိုလည်း Documentary တွေအများကြီးရိုက်ထားတာရှိပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မာခ့်စမစ်ဆင် ဟာ စာအုပ်တစ်အုပ်တည်းနဲ့ အောင်မြင်သွားတဲ့ လူငယ်စာရေးဆရာဖြစ်ပြီး အရက်စွဲနေပါတယ်။ ဒုတိယတစ်အုပ်ကိုရေးဖို့ကြိုးစားရင်း စိတ်ပိုင်းအခြေအနေဆိုးဝါးလာပြီး စာဆက်ရေးဖို့ အခက်အခဲတွေရှိလာတာကြောင့် ဇနီးဖြစ်သူနဲ့အတူ အမွေရထားတဲ့ ကျေးလက်ဒေသက အိမ်ကြီးတစ်လုံးကိုပြောင်းလာခဲ့ပါတယ်။ အဲဒီဒေသမှာ နာမည်ကျော် Ribblehead တံတားကြီးနဲ့ ရထားလမ်းရှိပြီး ဒီရထားလမ်းကိုဖောက်လုပ်ရင်း အလုပ်သမားတွေအများကြီးကွယ်လွန်ခဲ့ရပြီး မာခ့်ရဲ့အဘေးဖြစ်သူလည်းပါဝင်ပါတယ်။ သူ့ရဲ့ဒုတိယဝတ္ထုကို ဒီရထားလမ်းအကြောင်း အခြေခံပြီး ရေးမယ်လို့ဆုံးဖြတ်ပြီး လိုအပ်တဲ့သမိုင်းအချက်အလက်တွေကို သုတေသနပြုရှာဖွေရာကနေ ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခုပေါ်လာပြီး အရှိတရားနဲ့ စိတ်ထင်ယောင်မှားမှုကြား ဝေခွဲမရဖြစ်လာကာ သူနဲ့သူ့ဇနီးဖြစ်သူ ဆာရာတို့ရဲ့အသက်အန္တရာယ်အထိ ခြိမ်းခြောက်လာပါတော့တယ်။ ဇာတ်လမ်းက slow burn အမျိုးအစားဖြစ်ပြီး ဇာတ်အိမ်က လှပကောင်းမွန်ပါတယ်။ ဇာတ်ရှိန်တက်တာ အနည်းငယ်နှေးပြီး စိတ္တဇဒရာမာအမျိုးအစားဖြစ်ပေမဲ့ သဘာဝလွန်ပြကွက်တွေလည်းပါဝင်ပါတယ်။ မာခ့်မြင်နေရတဲ့ ဖြစ်ရပ်တွေက သူ့စိတ်ထင်မဟုတ်ဘဲ တကယ်ဖြစ်ခဲ့တာမျိုးပါ။ ဇာတ်ကားရဲ့ Cinematography က ကောင်းမွန်ပြီး Ribblehead ဒေသရဲ့လှပတဲ့ရှုခင်းတွေကို မြင်တွေ့ရမှာပါ။ Slow burn အင်ဒီရုပ်ရှင်မျိုးကြိုက်ရင် သေချာအချိန်ယူပြီး ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.3 GB)/(550 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.3 GB | Download | |
| 1080p | 1.3 GB | Download | |
| 1080p | 1.3 GB | Download | |
| 1080p | 1.3 GB | Download | |
| 720p | 550 Mb | Download | |
| 720p | 550 Mb | Download | |
| 720p | 550 Mb | Download | |
| 720p | 550 Mb | Download | |
| 720p | 550 Mb | Download |
ထုတ်လွှင့်သည့်နေ့
February 28, 2022
ကြာချိန်
1h 25m
အဆင့်သတ်မှတ်ချက်
0.0 / 10
Director
Tom Young