
Revu 2024 “ရီဗူ” ကြီးစိုးရတဲ့အာဏာကို တပ်မက်တဲ့စိတ်ဖြစ်လာတဲ့နေရာတိုင်းမှာ အနည်းနဲ့အများတော့ တိုက်ပွဲဆိုတာ ဖြစ်လာတတ်တာပဲတဲ့ ။ အခုတစ်ခါတင်ဆက်ပေးမယ့် တေလဂူရုပ်ရှင်လေးကတော့ အမှိုက်ကစပြဿာဒ်မီးလောင်ဆိုငလိုပဲ ဘာရယ်မဟုတ်တဲ့ပြဿနာလေးက သွေးချောင်းစီးရတဲ့အဖြစ်ရောက်သွားတဲ့ ပါလာရီဗူဆိုတဲ့ ကမ်းရိုးတန်းရွာငယ်လေးက အဖြစ်ဆိုးတစ်ခုပေါ့။ အန်ဒရာပရာဒတ်ရှ်နားမှာ ဝေးလံခေါင်ဖျားကမ်းရိုးတန်းပေါ်က ရီဗူဆိုတဲ့ရွာငယ်လေးရှိပါသတဲ့။ ပင်လယ်နဲ့နီးတဲ့ရွာဆိုတော့ စိတ်ကြမ်းလူကြမ်း တံငါသည်တွေ မုဆိုးတွေများတဲ့ရွာငယ်လေးဖြစ်ပြီး ခိုက်ရန်ဖြစ်ပွားမှုတွေရှိတတ်တာကတော့ အဆန်းမဟုတ်ဘူးပေါ့။ ဘာရယ်မဟုတ်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ထစ်ခနဲဆို တုတ်ဆွဲဓားဆွဲကြတဲ့ဒီရွာလေးမှာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သွေးချောင်းစီးရတဲ့အထိ ဖြစ်ဖူးပါသတဲ့။ ရန်ပွဲတွေနဲ့ အသားကျနေတဲ့ ရီဗူရွာသားတွေတောင် ပြန်ကြားရင်ထိတ်လန့်ရတဲ့ ဒီအဖြစ်ဆိုးက ဘယ်ကနေစခဲ့တာလဲ။ တစ်ယောက်စကားတစ်ယောက်နားနဲ့ ပျံ့နှံ့နေတဲ့ဒီဖြစ်ရပ်ဆိုးအကြောင်းမှာ ဘယ်ဟာကအမှန်လဲ။ ဘာမဟုတ်တဲ့အကြောင်းကိစ္စတစ်ခုမှာ ဒေါသဆိုတာဖက်တွယ်လာချိန်မှာ ဘယ်လောက်ထိ ပျက်စီးခြင်းတွေသယ်ဆောင်လာမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p HEVC | 2.6 GB | Download | |
| 1080p HEVC | 2.6 GB | Download | |
| 1080p HEVC | 2.6 GB | Download | |
| 1080p HEVC | 2.6 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download |
ထုတ်လွှင့်သည့်နေ့
August 23, 2024
ကြာချိန်
2h 14m
အဆင့်သတ်မှတ်ချက်
7.0 / 10
Director
Harinath Puli