
ဒီကားက ပြောရရင် ငစားကားဗျ၊ ရိုးရိုးမစားဘဲ ဘာသာရေးပိုင်းနဲ့ စားတာဆိုတော့ အကျွမ်းတဝင်မရှိတဲ့သူဆို နှစ်ဆတိုးစားသွားမှာ။ ဒီကားထဲမှာ ကိုးကားထားတာက သမ္မာကျမ်းသစ်ထဲက နောက်ဆုံး ဖြစ်တဲ့ Revelationအကြောင်းပါ။ ကမ္ဘာရဲ့နောက်ဆုံးနေ့ရက်များ အကြောင်းပေါ့။ ဇာတ်လမ်းက စားသလို သွေးထွက်သံယိုအခန်း နည်းနည်းပါပြီး အပြောအဆိုလည်း နည်းနည်းလေးကြမ်းပါတယ်။ တစ်ကားလုံးမှာ အဓိကဇာတ်ဆောင်က ကောင်မလေး၂ယောက်ပဲပါတာပါ။ အန်ဂျီက ကလပ်က အဖော်အချွတ်အကမယ်၊ ဆယ်လီဆိုတဲ့ တစ်ယောက်ကျတော့ ဘာသာရေးအကိုင်းရှိုင်းလွန်းနေသူ၊အန်ဂျီတို့လို မိန်းကလေးတွေကြောင့် ဒီကမ္ဘာကြီးမှာ အပြစ်တွေနဲ့ညစ်ညမ်းရတယ်ဆိုပြီး အဖော်အချွတ်ကလပ်တွေကို ဆန္ဒပြနေသူတစ်ယောက်ပေါ့။ တစ်ရက်မှာတော့ အန်ဂျီကလည်း သူ့ဟာသူက၊ ဆယ်လီကလည်း သူ့ဘာသူပြတုန်း ကောင်းကင်တစ်ခွင်လုံးက မိုးပြိုမလို နီရဲလာပြီး ထူးဆန်းတဲ့အရာတွေ မိုးရွာသလို တရဟောကျလာသတဲ့။ ကလပ် အပြင်မှာ ဆန္ဒပြနေသူတွေကတော့ အဲဒါတွေအန္တရာယ်ပေးတာကို ခံလိုက်ရပြီး အချင်းချင်းစိတ်ရိုင်းဝင်ပြီး သတ်ကြပါလေရော။ ဘာသာရေးကိုင်းရှိူင်းသူလေး ဆယ်လီကတော့ အဲဒါတွေရန်ကနေ လွတ်ပြီး အဖော်အချွတ်ကလပ်ထဲ ဝင်သွားနိုင်ပြီး အထဲမှာရှိနေတဲ့ အန်ဂျီနဲ့ ၂ယောက်တည်း ၁ကမ္ဘာ ပိတ်မိသွားသတဲ့။ ကျမ်းစာတွေ ထုံးလိုမွှေရေလိုနှောက် ဖတ်ထားတဲ့ ဆယ်လီက ဒီလက္ခကာတွေကကမ္ဘာကြီးမှာ Sinnerတွေများလာလို့ ကပ်ဆေးတာလို့ အတွင်တွင် ပြောသလို အန်ဂျီကလည်း စွာတေး ကလပ်မယ်ပီပီ ဘုနဲ့ဘောက်နဲ့ပြန်ပြောရင်း ကလပ်ထဲကနေလွတ်အောင်၊ မိုးပေါ်ကနေ ကျလာတဲ့ အရာတွေ ရန်ကလည်းဝေးအောင် ၂ယောက်သားကြိုးစားကြရင်း နောက်ထပ်ပြဿနာတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(1.5GB) / (750MB) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:26:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt