
ကာရိုက်တာတိုင်းကို အသက်ဝင်အောင် ဖန်တီးနိုင်တဲ့ ရွှီဟိုင်ချောင်ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရိုက်ကူးတင်ဆက်ထားတဲ့ ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကမ္ဘာမြေကြီးအပေါ် စရှင်သန်တည်းက ကမ္ဘာကြီးအတွက်ဘာလုပ်ပေးခဲ့ဖူးလဲ… ဘာလုပ်ခဲ့တယ်ဆိုတာတော့မသိပေမယ့်… နေ့တိုင်း အမှိုက်တွေတော့ အမှိုက်ပုံးရှာမတွေ့ရင်ကြုံသလိုပစ်ကြတယ်မလား…. နေ့တိုင်းလည်း သဘာဝတရားကြီးကို ဖျက်စီးနေတဲ့ ကာဗွန်ဒိုင်ဓာတ်ငွေ့ထွက်စေတဲ့ စက်ပစ္စည်းတွေသုံးနေတယ်မလား… ဒီလိုဆိုရင်တော့ ဂုဏ်ယူပါတယ်… ဒီကားလေးကိုကြည့်လိုက်ကြပါတော့… ဒီကားလေးက ဒီလိုလူသားတွေရဲ့ နေ့စဉ်အပြုအမူကြောင့် နောက်အနှစ် ၁၀၀ ကြာတော့ ဘာဖြစ်သွားတယ်ဆိုတာရယ်… ဘယ်လိုမျိုး ကမ္ဘာကြီးကို ပြန်ကယ်တင်ဖို့ကြိုးစားရတယ်ဆိုတာရယ်ကို ပညာပေးတဲ့အနေနဲ့ ရိုက်ကူးထားတဲ့ကားလေးမို့…. ငယ်ငယ်က ပါဝါရိန်းဂျားအိပ်မက်မက်တဲ့သူတွေ စိတ်ကူးပုံဖော်ဖို့ CM နဲ့အတူ ကြည့်လိုက်ကြပါစို့