
Rescuing Christmas (2023) ==================== IMDb Rating – 6.4/10 ခရစ္စမတ်ဆိုတာ ယုံတမ်းပုံပြင်တွေ၊ ပဉ္စလက်ဆန်ဆန် မှော်ဆန်ဆန် အဖြစ်တွေနဲ့မကင်းတာမို ဒီကားကလည်း ယုတ္တိတန်တာမတန်တာထက် မိသားစုအတူ ပျော်ပျော်ပါးပါး ကြည့်လိုရမဲ့ စိတ်ကူးယဉ်ဆန်ဆန်ခရစ္စမတ် နောက်ခံ အချစ်-ဟာသ-ဒရမ်မာ ရုပ်ရှင်ဇာတ်မြူးလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… အယ်ရင်ဟာ အရင်နှစ်ခရစ္စမတ်တုန်းက အသည်းကွဲခဲ့တာကြောင့် ခရစ္စမတ် ကိုစိတ်နာပြီး ရှောင်ပြေးချင်တဲ့ ဓာတ်ပုံဆရာမလေးပေါ့။ ဒါပေမဲ့ သူ့မှာ ချစ်စ ရာမိသားစုလေးနဲ့ တူ/တူမလေးတွေရှိပါတယ်။ ခရစ္စမတ်ကို ဘယ်လိုစိတ်နာ ပါစေ၊ မိသားစုနဲ့အတူ ခရစ္စမတ်ကိစ္စတွေ ၀င်ပါနေရတာပါပဲ။ တစ်နေ့တော့ ထူးဆန်းစွာပဲ ရေဒီယိုပရိုဂရမ်တစ်ခုကနေ သူ့ကို ခရစ္စမတ်ဆု ၃ ဆု တောင်း နိုင်မယ့် ကံထူးရှင်အဖြစ် ရွေးချယ်လိုက်ပါတယ်။ သူကတော့ ခရစ္စမတ်ကို စိတ်နာနေသူပီပီ ဆုတောင်းကို စိတ်မ၀င်စားသလို ယုံလည်းမယုံခဲ့ပါဘူး။ အယ်ရင်မသိတာက အဲဒီဆုတောင်းတွေဟာ သာမန်မဟုတ်ဘဲ ပဥ္စလက်ဆန် နေတယ်ဆိုတာပါပဲ။ ဒီလိုနဲ့တစ်နေ့မှာ သူ့စိတ်ဆိုးဆိုးနဲ့တောင်းလိုက်တဲ့ဆု ကြောင့် ခရစ္စမတ်ဆိုတာကြီး ပျော်ကွယ်သွားပါတယ်။ အဲဒီလို ခရစ္စမတ်ဆိုတာ မရှိတဲ့ဘ၀ကြီးကျတော့လည်း အယ်ရင်တစ်ယောက်မနေတတ်ပြန်ပါဘူး။ အဲဒါကြောင့် သူ့မိသားစုနဲ့ တူ/တူမလေးတွေအပါအ၀င် လူတွေအားလုံးချစ်တဲ့ ပျော်စရာခရစ္စမတ်ပွဲတော်ကြီးကို ပြန်အသက်သွင်းဖို့ကြိုးစားပါတော့တယ်။ အယ်ရင်ရဲ့ဆုတောင်းရုတ်သိမ်းပြီး ခရစ္စမတ်ပွဲတော်နေ့က ပြန်ပေါ်လာပါ့မလား၊ ခရစ္စမတ်ပြန်လာအောင် အယ်ရယ်ဘယ်လိုတွေကြိုးစားမလဲဆိုတာ ပျော်စရာ ရယ်စရာ ချစ်စရာ ကြည်နူးစရာတွေအဖြစ် ကြည့်ရှုကြရမှာမို ခရစ္စမတ်ရာသီ အမီ ခရစ္စမတ်ရသလေးကိုအပီအပြင်ခံစားလိုက်ရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.94 GB) / (647 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….C’mon Encoder……….SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.94 GB | Download | |
| 1080p | 1.94 GB | Download | |
| 1080p | 1.94 GB | Download | |
| 1080p | 1.94 GB | Download | |
| 1080p | 1.94 GB | Download | |
| 720p | 647 MB | Download | |
| 720p | 647 MB | Download | |
| 720p | 647 MB | Download | |
| 720p | 647 MB | Download | |
| 720p | 647 MB | Download |