
Redlife 2023 အညွှန်း ဒီတစ်ခေါက်မှာတော့ Hormones S2 S3 မှာ စပြီးပါဝင်ခဲ့ပြီး၊ My Ambulance၊ Mind Game ထဲက မင်းသား Bank Thiti Mahayotaruk နဲ့ BNK48 ရဲ့ 2nd Generation မန်ဘာဟောင်း, Queendom Puzzle မှာတုန်းက တစ်ဦးတည်းသော ထိုင်းမန်ဘာအဖြစ်ပါဝင်ခဲ့တဲ့ Fye တို့ရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားလေးကတော့ ထိုင်းနိုင်ငံရဲ့ အခြေခံလူတန်းစားဘ၀ကနေ ရုန်းထွက်ကြမယ့် လူငယ်နှစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင်တော့ ပရိသတ်တွေက နှစ်ပိုင်းခွဲကြည့်ရပါလိမ့်မယ်။ မဟုတ်ရင် အစပိုင်းမှာ လည်ထွက်နေမှာပါ။ Ter (Bank) ကြိုက်နေတဲ့ကောင်မလေးကတော့ ပြည့်တန်ဆာ တစ်ယောက်ပါ။ Ter ကိုယ်တိုင်ကလည်း သူခိုးတစ်ယောက်ဆိုတော့ Mild အတွက် တင့်တောင့်တင့်တယ်မထားနိုင်တဲ့အပြင် ကောင်မလေးအဲလိုလုပ်နေတာကိုပါ မြင်တွေ့နေရတာပါ။ ‘Ter က Mild ကိုလက်ထပ်ချင်တဲ့အတွက် သူ့အနေနဲ့ Mild ကို အဲလိုဘဝကနေ ရုံးထွက်ရအောင် ကြိုးစားရပါတော့တယ်။ တစ်ဖက်ကဇာတ်လမ်းကလည်း ဆင်တူပါပဲ။ မတူတာကဘာလဲဆိုတော့ Som ကို သူ့အမေက ပြည့်တန်ဆာလုပ် ပိုက်ဆံရှာပြီးကျောင်းထားပေးနေတာပါ။ အဲလိုလုပ်နေတာကို Som ကမကြိုက်တဲ့အပြင် ကျောင်းမှာလည်း ဆင်းရဲလို့ သူ့ကိုအပေါင်းအသင်းမလုပ်ကြပါဘူး။ အဲလိုနဲ့ တစ်နေ့ သူ့ကိုဂရုစိုက်တဲ့သူ Peach (Fye) ပေါ်လာပါတော့တယ်။ အဲလိုနဲ့ သူ့ရဲ့ဘဝကြီးက သာယာသွားမလား သူ့အမေရဲ့ အရိပ်မည်းကြီးအောက်က ရုန်းထွက်နိုင်မလား။ ရုန်းထွက်ချင်တဲ့ လူငယ်နှစ်ယောက် Ter နဲ့ Som နှစ်ယောက်တို့ရဲ့ ဇာတ်လမ်းက ဘယ်တွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ရအောင်နော်။ (ဇာတ်ကား၏ အပြုအမူနှင့် အပြောအဆိုများသည် အရမ်းကြမ်းတမ်းလွန်းပြီး ဝတ်စလစ်ခန်းများ ပါဝင်သောကြောင့် မိသားစုနဲ့ ကြည့်ရှုရန် မသင့်တော်ပါကြောင်း) အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။ Genre….. Drama, Thriller Quality…. 1080p | 720p File size… 1.3GB | 574MB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.3GB | Download | |
| 1080p | 1.3GB | Download | |
| 1080p | 1.3GB | Download | |
| 1080p | 1.3GB | Download | |
| 720p | 574MB | Download | |
| 720p | 574MB | Download | |
| 720p | 574MB | Download | |
| 720p | 574MB | Download | |
| 720p | 574MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.9 / 10
Director