
ရှင် ကျွန်မကို ဘာလို့ဒီလောက်ချစ်ရတာလဲ ကျွန်မက အငယ်အနှောင်းရဲ့ သမီးတစ်ယောက်၊ လူ့လောကထဲ ရောက်မလာသင့်တဲ့သူလို့ ဖခင်ရင်းနှုတ်ကနေ အပြောခံရသူပါ၊ အမေကလည်း မျိုးရိုးကောင်းမဟုတ်သလို လောကဓံလှိုင်းတံပိုး ကြား ကာလသားရောဂါနဲ့ ဆုံးခဲ့ရသူပါ။ ကျွန်မဆိုတာကလည်း မိခင်သေဆုံးပြီး အသက်၈နှစ်အရွယ်တည်းက "အိန်ဂျယ်"ဆိုတဲ့ နာမည်ဝှက်နဲ့ မိန်းမပျက်ဘဝ စခဲ့သူပါ။ ဒီလို မသန့်ရှင်းတော့တဲ့ မိန်းကလေးတစ်ယောက်ကို ဘာလို့ဒီလောက်ထိချစ်ရတာလဲ ရှင် ကျွန်မရဲ့အတိတ်အကြောင်း တစ်ဝက်လောက်သိရင်တောင် စွန့်ခွာထွက်ပြေးသွားမှာမလား၊ ကျွန်မရဲ့နာမည်အရင်းကိုတောင် ရှင်သိရဲ့လား၊ အချစ်ဆိုတာက အချိန်တန်ရင် ပျောက်သွားမယ့် စိတ်ခံစားချက်လို့ပဲ သဘောထားတာကို ရှင်သိရဲ့လား၊ ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ ရှင်ဟာ ကျွန်မနဲ့ပျော်ပါးဖူးတဲ့ မတစ်ထောင်ဖွား ယောကျ်ားသားတွေနဲ့ အတူတူပဲဆိုတာမသိလို့လား၊ ဘာကြောင့် ကျွန်မကို ဒီလောက်ထိ လက်ထပ်ချင်နေရတာလဲ ကျွန်မဆိုတာ ကိုယ့်ခံစားချက်ကိုဘေးချိတ်ပြီး ဝမ်းရေးအတွက် ဒီအလုပ်ကို လုပ်နေရသူပါ၊ ရှင့်ကိုချစ်ဖို့မဆိုနဲ့ အတွေးထဲတောင် အဝင်မခံနိုင်တဲ့သူပါ၊ ရှင်ဟာ အမျိုးကောင်းသားတစ်ယောက်ပါ၊ ကျွန်မထက် သာတဲ့ မိန်းကလေးတွေ လက်ချိုးရေမကုန်ပါဘူး၊ ရှင် ကျွန်မကို ငွေနဲ့ဝယ်မယ်ဆိုရင်လည်း ဒီအိမ်ထောင်မှုရဲ့အဝေး ကျွန်မအမြဲထွက်ပြေးနေမိမှာပါ၊ ဒါဆိုလည်း ရှင်ကျွန်မကို ချစ်နေ ဦးမှာလား..... မိုက်ကယ် အနာဂတ်မှာ ဘာဆက်ဖြစ်မလဲတော့ ဇာတ်ဆရာအလိုကျပေါ့ ========================================== မင်းကိုဘာလို့ ဒီလောက်ထိချစ်မိသွားမှန်း ကိုယ်မသိပါဘူး ကိုယ်က လယ်သမားတစ်ယောက်ပါ၊ အရာရာကို ဘုရားသခင်ရဲ့ လမ်းညွှန်မှုလို့ သက်ဝင်ယုံကြည်သူပါ၊ တစ်နေ့ကယ်လီဖိုးနီးယား မြို့ထဲအလာ ကိုယ့်ကိုဘုရားသခင်က အလင်းတစ်ပွင့်ဖန်ဆင်းပြ လိုက်သလို မင်းက ကိုယ့်မျက်စိရှေ့ရောက်လာတယ်၊ သိပ်လှတဲ့ မိန်းကလေးမို့ မြင်မြင်ချင်း ချစ်မိသွားတယ်၊ နောက် သူများတွေ ပြောတာ မင်းက ကြေးအမြင့်ဆုံး ပြည့်တန်ဆာတဲ့၊ ကိုယ်တောင် ဘုရားသခင်ကို စိတ်ကွက်မိသွားတယ်၊ ဒီလိုလမ်းမျိုးမှ ကိုယ့်ကို လာပြရသလားပေါ့ ဒါပေမဲ့ ဘုရားသခင်ကလည်း အင်မတန်ခေါင်းမာတဲ့ပုံပဲအိန်ဂျယ်၊ ကိုယ့်မှာ စားလည်းဒီစိတ်၊ သွားလည်းဒီစိတ် ရူးမတတ်ပါပဲ၊ ဒီလိုနဲ့ မင်းနဲ့အတူရှိခွင့်ရမယ့် အချိန် မိနစ်၃၀ကို ပေါက်ဈေး၂ဆပေးဝယ် ခဲ့မိတယ်၊ ပျော်ပါးမလို့မဟုတ်ရပါဘူး၊ ဒီမိနစ် ၃၀ကို မင်းနဲ့.အတူ စကားတွေပြောချင်လို့၊ ကိုယ့်ခံစားချက်တွေ ရင်ဖွင့်ချင်လို့၊ မင်းကို လက်ထပ်ခွင့်တောင်းချင်လို့ပါ မင်းကိုယ့်ကိုအခါခါငြင်းလည်း ကိုယ့်ဘက်က ကလေးဆိုးကြီးလို ပူဆာခဲ့မိတယ်၊ ဒီလိုနဲ့တစ်နေ့ မင်းကို ငွေနဲ့ဝယ်ရဖို့ ဖြစ်လာတယ်၊ ကိုယ့်ရဲ့ဇနီးမယားဖြစ်လာတယ်၊ မင်းထွက်ပြေးမယ် ပြောခဲ့သလို အခါခါထွက်ပြေးခဲ့ပေမဲ့ ဘာကြောင့်လဲမသိပါဘူး မင်းကိုယ်တိုင် ငါ့ဆီပြန်ရောက်ရောက်လာတယ်၊ မင်းကကိုယ့်ရဲ့အိမ်သူသက်ထား ဆိုပေမယ့် ကိုယ်စိတ်အလိုမလိုက်ခဲ့ပါဘူး၊ မင်းအဆင်သင့်ဖြစ်တဲ့ အထိ ကိုယ်စောင့်နေပါ့မယ်၊ အချိန်ဘယ်လောက်ပဲကြာပါစေပေါ့၊ တစ်နေ့တော့ကိုယ်ချစ်ခွင့်ရချင်ပါတယ်၊ နှစ်ယောက်သားကြည်ဖြူ စွာနဲ့ပေါ့ အိန်ဂျယ်ရယ် အနာဂတ်မှာ ဘာဆက်ဖြစ်မလဲတော့ ဇာတ်ဆရာအလိုကျပေါ့ File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:14:00 Genre...Drama, History, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by JimX
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |