
Imdb rating – 6.1 ဒီဇာတ်ကားက ဘာသာရေးအစွန်းရောက်မှုကို အခြေတည်ထားတဲ့ indie ရုပ်ရှင်ကားပါ။ ၂၀၁၁ ကထွက်ရှိခဲ့ပြီး Horror/Thriller နဲ့ Action အမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဆယ်ကျော်သက်အရွယ်ကျောင်းသားလူငယ်သုံးယောက်ကို အမျိုးသမီးတစ်ဦးက အွန်လိုင်းကနေ လိင်ဆက်ဆံဖို့ဖိတ်ခေါ်ပါတယ်။ လူငယ်သုံးယောက်ကနေ သွေးရိုးသားရိုးပဲထင်ပြီး လက်ခံမိရာကနေ သူတို့အပေါ်ဆိုးဝါးတဲ့ကံကြမ္မာဆိုးတစ်ခု ကျရောက်လာပါတော့တယ်။ တကယ်တော့ အဲဒီအမျိုးသမီးက Abin Cooper လို့ခေါ်တဲ့အစွန်းရောက်ဘာသာရေးသမားတစ်ဥိီး ခေါင်းဆောင်တဲ့ Five Points Trinity Church အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဲဒီအဖွဲ့ဟာ ဘာသာရေးအစွန်းရောက်အဖွဲ့ ဖြစ်ပြီး လိင်တူဆက်ဆံခြင်း လိင်ဖောက်ပြန်ခြင်းတို့ကို ရွံရှာမုန်းတီးကြသူများဖြစ်ပါတယ်။ လူငယ်သုံးယောက်တို့ ဒီဂိုဏ်းလက်ထဲကလွတ်နိုင်ပါ့မလား ဒီဂိုဏ်းရဲ့ရည်ရွယ်ချက်က ဘာဖြစ်မလဲဆိုတာကိုတော့ ဒီရုပ်ရှင်ကိုကြည့်ရှုရင်းနဲ့ပဲ အဖြေရှာစေလိုပါတယ်။ ဒီဇာတ်ကားက Horror/Thriller ဆိုပေမဲ့ သွေးထွက်သံယိုအက်ရှင်ဇာတ်လမ်းဖက်ကို အလေးကဲနေတယ်လို့ထင်ပါတယ်။ အမေရိကန် indie ရုပ်ရှင်ဖြစ်ပြီး Stiges Film Festival မှာ Best Motion Picture ဆုချီးမြှင့်ခံခဲ့ရပါတယ်။ အစွန်းရောက်ဂိုဏ်းတွေ ဘာသာရေး cult တွေကို စိတ်ဝင်စားသူများကြည့်ရှုသင့်ပါတယ်။ အရွယ်မရောက်သေးသူများ မကြည့်ရှူသင့်ပါဘူး။ File size…(1.5 GB)/(801 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Horror, Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim