
ဒီဇာတ်ကားလေးကတော့ ၁၉၇၀ခုနှစ်ပိုင်းတုန်းက ကိုယ်လက်အင်္ဂါချို့တဲ့သူတွေ အထူးသဖြင့်မျက်မမြင်တွေကို အစိုးရကအစ၊ မျက်မမြင်ကျောင်းမှ တာဝန်ရှိသူတွေကိုယ်တိုင်တောင် ဘယ်လိုဖိနှိပ်ဆက်ဆံကြလဲဆိုတာကို မီးမောင်းထိုးပြထားပြီး နောက်ဆုံးမှာ ကောင်လေးတစ်ယောက်ကြောင့် ဘာတွေ ဘယ်လိုပြောင်းလဲသွားလဲဆိုတာကို ရိုက်ပြထားတဲ့ Dramaကားကောင်းလေးတစ်ကားပါ။ ဇာတ်လမ်းအညွှန်းကတော့ မီကိုဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက ရုပ်ရှင်တွေနဲ့ မျိုးစုံသောအသံတွေကို စူးစမ်းလေ့လာရတာကို ဝါသနာပါခဲ့ပါတယ်။ တစ်နေ့မှာတော့ မတော်တဆမှုတစ်ခုကနေ သူရဲ့မျက်လုံးတစ်စုံလုံး ဘာမှမမြင်ရလောက်တော့တဲ့အထိ ထိခိုက်သွားခဲ့ရပါတယ်။ အဲဒီခေတ်တွေတုန်းက အီတလီနိုင်ငံမှာ မျက်မမြင်တွေဟာ မျက်မမြင်သီးသန့်ကျောင်းကလွဲပြီး ဘယ်ကျောင်းကိုမှတက်ခွင့်မရှိတာကြောင့် မီကိုရဲ့မိဘတွေက သူ့ကို ဝေးလံလှတဲ့ကျောင်းကို တစ်ယောက်တည်းပို့လိုက်ရပါတယ်။ ပျော်ရွှင်နေရတဲ့ဘဝကနေ မတော်တဆမှုတစ်ခုကြောင့် သူ့ရဲ့ဘဝဟာ လုံးဝပြောင်းလဲသွားခဲ့တဲ့အတွက် မီကိုဟာ အရမ်းဝမ်းနည်းနေပေမဲ့ သူမသိလိုက်တာက သူ့ရဲ့အမြင်အာရုံဆုံးရှုံးသွားတာကြောင့် သူ့ရဲ့အကြားအာရုံဟာ အရမ်းကောင်းလာခဲ့တာပါ။ အဲဒီနောက်ပိုင်း တဖြည်းဖြည်းနှင့် ဆရာကောင်း၊ သူငယ်ချင်းကောင်းတွေနဲ့ တွေ့လာပြီးတော့ သူ့ဘဝကို သူလက်ခံပြီး သူ့ရဲ့အရည်အချင်းကိုသိသွားတဲ့မီကိုဟာ ငယ်ငယ်ကတည်းကဝါသနာပါတဲ့ မျိုးစုံသောအသံတွေနဲ့ ဘာတွေလုပ်ပြနိုင်မလဲ သူ့ဘဝကရော ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကို အေးအေးဆေးဆေးလေး ကြည့်ရှုခံစားပေးကြပါဦး။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:36:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 1080p | 2.2 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
7.7 / 10
Director