
Red Eye (2005) ============= IMDb Rating – 6.5/10 Mean Girls နဲ့ The Notebook ဇာတ်ကားတွေထဲက ဇာတ်ဆောင် မင်းသမီး ရေချယ်မက်အက်ဒမ်စ်နဲ့ ကျွန်တော်တို့ရဲ့ တွမ်မီရှယ်ဘီကြီး တစ်ဖြစ်ရော၊ အော့ပန်ဟိုင်းမားဇာတ်ရုပ်တွေမှာပါ လူကြိုက်များခဲ့ ကြတဲ့ ခီလီယန်မာဖီတို့နှစ်ယောက်ရဲ့ သည်းထိတ်ရင်ဖိုဆန်ဆန်ဇာတ် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဟိုတယ်မန်နေဂျာမလေး လီဆာက အဘွားဖြစ်သူရဲ့ဈာပနာကိုသွားပြီး အိမ်အပြန်လမ်းခရီးမှာ သူတစ်သက်မေ့မှာမဟုတ်တဲ့အရာကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့လိုက်ရပါတော့တယ်။ လီဆာက မိုင်ယာမီကိုပြန်ဖို့ ဒဲလ်လက်စ် လေဆိပ်မှာစောင့်နေရင်း ဂျက်ဆန်ဆိုတဲ့အမျိုးသားတစ်ယောက်နဲ့ဆုံတွေ့ ခဲ့တယ်။ ဂျက်ဆန်က ကူညီရိုင်းပင်းတတ်ပြီးရည်မွန်တဲ့လူတစ်ယောက် ဖြစ်တယ်။ တိုက်ဆိုင်ချင်တော့ သူတို့နှစ်ယောက်စလုံး ထိုင်ခုံအတူတူထိုင် ရတယ်ပေါ့လေ။ တကယ်တော့ ဒါတွေဟာတိုက်ဆိုင်မှုတွေ မဟုတ်ခဲ့ပါဘူး အရာအားလုံးဟာ စနစ်တကျကြိုတင်စီမံထားတဲ့ အရာတွေပါပဲ။ လေယာဉ်ပေါ်မှာ စကားတွေ ပြောရင်းပြောရင်းနဲ့ ဂျက်ဆန်ကလီဆာ့ကိုတဖြည်းဖြည်းနဲ့ခြိမ်းခြောက်လာ ပါတော့တယ်။ ဂျက်ဆန်က တကယ်တော့ အကြမ်းဖက်သမားဖြစ်ပြီး ဘယ် လိုတွေ ခြိမ်းခြောက်သွားလဲဆိုတာကတော့ ဇာတ်ကားထဲမှာ စိတ်ဝင်တစား ရင်တမမနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ထုံးစံအတိုင်း ခီလီယန်မာဖီကတော့ ကျရာဇာတ်ရုပ်မှာ အကောင်းဆုံးသရုပ် ဆောင်ဖြစ်သလို . ရေချယ်ရဲ့ လီဆာနေရာမှာ သရုပ်ဆောင်မှုကလည်း လုံးဝ ကိုကောင်းမွန်ပြည့်စုံလွန်းလှပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.35 GB) / (670 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 25Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Khant Sett Naing Encoder……….SWM