
တစ်နေ့ကျရင် ကိုယ်ချစ်ရတဲ့ ချစ်သူလေးနဲ့အတူ ဥတ္တရအလင်းတန်းလိုခေါ်တဲ့ Northern lights တွေကို မြောက်ဝင်ရိုးစွန်းနိုင်ငံတွေမှာ ညလုံးပေါက်သွားထိုင်ကြည့်ချင်တယ်လို စိတ်ကူးယဉ်ထားတဲ့သူတွေရှိကောင်းရှိမှာပါ။ ဒီဇာတ်ကားကတော့ အဲ့လိုစိတ်ကူးထားသူတွေရဲ့ အိပ်မက်ဆိုးကြီးတစ်ခုလိုပါပဲ။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် အင်ဂျင်နီယာကျောင်းသား ဒေးဗစ်ဟာ ဆေးကျောင်းသူလေး နက်ဂျာနဲ့ သိပ်ချစ်ကြတဲ့ ချစ်သူတွေပါ။ သူဘွဲ့ရတဲ့နေ့မှာပဲ နက်ဂျာကို လက်ထပ်ခွင့်တောင်းခဲ့ပြီး နှစ်ယောက်သားဘဝအသစ်တစ်ခုကို စတင်ခဲ့ကြပါတယ်။ အချိန်တွေ ကြာလာတာနဲ့အမျှ လင်မယားသဘာဝ ကတောက်တဆလေးတွေနဲ့ အဆင်မပြေဖြစ်လာခဲ့ကြပါတယ်။ ဒီလိုဆက်ဆံရေးအဆင်မပြေတာကို ပြင်ဆင်ဖိုအတွက် ဒေးဗစ်တစ်ယောက်ဟာ နက်ဂျာနဲ့ Northern lights တွေတူတူသွားကြည့်ပြီး အပန်းဖြေကြဖို စီစဉ်လိုက်ပါတယ်။ သူတိုနှစ်ယောက် နှင်းတောင်ပေါ်မှာ အလင်းတန်းတွေကြည့်နေကြရင်း ရုတ်တရက်ကြီး Sniper နဲ့ ချိန်ပြီးအမဲလိုက်ခြင်းကိုခံကြရပါတော့တယ်။ ဒီဇာတ်ကားဟာ Netflix ရဲ့ Swedish horror movieတစ်ခုဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ်ကျစ်ကျစ်လစ်လစ်နဲ့ ကြည့်ရှူသူတွေကို အဆုံးထိဆွဲခေါ်သွားနိုင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ plot twist အပိုင်းကလည်း ထင်ထားသလောက်မရိုးရှင်းဘဲ တော်တော်လေး ကောင်းတယ်လိုဆိုရမှာပါ။ သည်းထိပ်ရင်ဖို survival ဇာတ်ကားတွေ ကြိုက်နှစ်သက်သူများအတွက်ကတော့ တကယ်ကိုကြည့်သင့်တဲ့ ဇာတ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ File size…1.24GB / 574MB Quality…WEB-Dl 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.24GB | Download | |
| 1080p | 1.24GB | Download | |
| 1080p | 1.24GB | Download | |
| 1080p | 1.24GB | Download | |
| 1080p | 1.24GB | Download | |
| 720p | 574MB | Download | |
| 720p | 574MB | Download | |
| 720p | 574MB | Download | |
| 720p | 574MB | Download | |
| 720p | 574MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.5 / 10
Director