
ဥပဒေမှာ Reasonable Doubt ဆိုတာက အမှုတစ်ခုနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်ကကျူးလွန်တယ် ဆိုတာကို သက်သေတွေအရ အကျိုးသင့်အကြောင်းသင့် သံသယဝင်ပြီးစစ်ဆေးဖို့လုပ်တာကိုခေါ်တာပါ ဒါပေမဲ့ သူဟာတရားခံအစစ်ပါလို့ကောက်ချက် ပြီးစီရင် ချက်ချဖို့ကတော့ အထက်ကပြောခဲ့တဲ့ Reasonable Doubt ဆိုတဲ့ အဆင့်ထက်ကျော်လွန်ဖို့လိုပါတယ်.. ဘာလို့လဲဆိုတော့လူတစ်ယောက်ကို အဲလိုမျိုး အကျိုးအကြောင်းသင့်သံသယဝင်ခံရအောင်လုပ်ဖို့က ပစ္စည်းသက်သေတွေဖန်တီးယူလို့ရတာကြောင့်ပါ. ကဲ ဆိုတော့ ဒီဇာတ်ကားမှာအဲဒါကိုသေသေချာချာ မြင်တွေ့ရမှာပဲဖြစ်ပါတယ် မစ်ချ်ဆိုသူဟာ အစိုးရ ခရိုင်ရှေ့နေရုံးက ဒိတ်ဒိတ်ကြဲရှေ့နေတစ်ဦးဖြစ်ပါတယ် သူ့မှာလှပတဲ့ဇနီးရယ် သမီးလေးရယ်နဲ့ အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်ထားသူပါ တစ်ညမှာ အမှုတစ်ခုအတွက်သူငယ်ချင်းတွေနဲ့ အောင်ပွဲခံသောက်ကြရင်းအမူးလွန်ပြီး ကားမောင်း အိမ်ပြန်တဲ့မစ်ချ်ဟာ လူတစ်ယောက်ကိုဝင်တိုက်မိ ခဲ့ပါတယ်. အဲဒီမှာစပြီးတော့ မစ်ချ်တစ်ယောက် မကြုံစဖူးအဖြစ်အပျက်တွေကြုံလာဖို့အကြောင်း ဖန်လာတော့တာပါပဲ မစ်ချ်တိုက်မိတဲ့လူက ဘယ်လိုလူမျိုးလဲ.. မစ်ချ်ကကောအဲအတွက်ဘာတွေဆက်လုပ်ရမလဲ… ဆိုတာကိုဆက်ကြည့်ရင်းနဲ့ ဇာတ်ကားကောင်းလေးကိုခံစားလိုက်ရအောင်ပါ File size…1.03GB / 446MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 31m Genre …..Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg