
၂၀၀၀ ခုနှစ်ကျော်ကာလတွေမှာ ခေတ်စားခဲ့တဲ့ အမေရိကန်ဟာသရုပ်ရှင်ကားတွေထဲက တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Family/Drama နဲ့ Comedy အမျိုးအစားရုပ်ရှင်ဖြစ်ပြီး ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Helen Harris က နာမည်ကြီး ဖက်ရှင်အေဂျင်စီတစ်ခုမှာ အလုပ်လုပ်တဲ့ ခေတ်ဆန်ဆန်မိန်းကလေးတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာ သူ့အစ်မအကြီးဆုံး Lindsay တို့ဇနီးမောင်နှံ ကားမှောက်ပြီး ကွယ်လွန်သွားကြပါတယ်။ Lindsay က သေတမ်းစာမှာ သူ့ရဲ့သားသမီးသုံးယောက်ကို ညီမအလတ်ဖြစ်တဲ့ မိခင်အဖြစ် အတွေ့အကြုံရှိပြီးသား Jenny လက်ထဲမအပ်ခဲ့ဘဲ ထူးဆန်းစွာနဲ့ ညီမအငယ်ဆုံး Helen လက်ထဲအပ်ခဲ့ပါတယ်။ ဒီလိုနဲ့ မိခင်တစ်ဦးဖြစ်ဖို့ အသင့်မဖြစ်သေးတဲ့ Helen နဲ့ ကလေးသုံးဦးတို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာကို ရယ်ရယ်မောမောကြည့်ရှုရမှာပါ။ ဟာသရုပ်ရှင်ဆိုပေမဲ့ မိသားစု၊ ချစ်ခြင်းမေတ္တာနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ရှာဖွေခြင်း စတဲ့ theme တွေ ထိတွေ့ထားတဲ့ လေးနက်ကြည်နူးဖွယ် Drama အငွေ့အသက်များလည်း ပါဝင်ပါတယ်။ Lindsay က သူ့ကလေးတွေ အုပ်ထိန်းခွင့်ကို Helen လက်ထဲ ဘာလို့ထည့်ပေးခဲ့တာလဲ ဆိုတဲ့အဖြေကိုလည်း ဇာတ်လမ်းအဆုံးမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ၂၁ ရာစုအစပိုင်းက ဇာတ်ကားကောင်းလေးကို တစ်ဖန်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre… Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim
| Provider | Resolution | File Size | |
|---|---|---|---|
| All Links | All Links | Download | |
| 1080p | 2.5 GB | Download | |
| 1080p | 2.5 GB | Download | |
| 720p | 1.3 GB | Download | |
| 720p | 1.3 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director