
လွန်စွာတန်ဖိုးကြီးလှသော ဝတ်စုံကို စမတ်ကျကျဝတ်ဆင်ထားသည့် အင်မတန်ကြည့်ကောင်းလှသော ရုပ်ရည်နှင့် လူရွယ်တစ်ယောက်သည် သိန်းပေါင်းသောင်းချီတန်သော နောက်ဆုံးပေါ်ပြိုင်ကားလေးပေါ်ကနေ တစ်လှမ်းချင်းဆင်းသက်လာသည် ထို့အတူ အချိုးအဆစ်ကျနသော ကိုယ်ခန္ဓာနှင့်လိုက်ဖက်ညီစွာ ကျော့ရှင်းလှပသည့် ဝတ်စုံကိုဝတ်ဆင်ထားသည့် အလွန်တရာချောမောလှပသော မိန်းမပျိုတစ်ယောက်လည်းရှိလေသည်။ ထိုနှစ်ယောက်သည် တွေ့တွေ့ချင်းမှာပင် အကြည့်ချင်းဆုံရင်ခုန်သွားမိ၍ တစ်ယောက်ယောက်နှင့် တစ်ယောက်ပြုံးပြလိုက်လေသည် ယခုလောက်ဆို ဒီဇာတ်ကားထဲမှာ မင်းသားနှင့် မင်းသမီး၏စတိုင်ကို ရိပ်မိလောက်ကြပြီထင်ပါတယ် သို့သော် လွန်ထားထားစာအုပ်ထဲကလို မင်းသားနဲ့မင်းသမီးဖြစ်နေပေမဲ့ ဇာတ်လမ်းကတော့လွန်ထားထားလိုမရှင်းပဲနဲနဲရှုပ်ပါတယ် စိန်တုံးနှစ်တုံးကို သူခိုးကြီးတစ်ကောင်က လူသတ်ဓားပြတိုက်ယူလိုက်တယ် အဲ့သူခိုးကြီးလက်ထဲကနေ သူခိုးလက်သူဝှက်လုပြီး သူ့တပည့်ငတိနှစ်ကောင်က ဆရာကိုပြန်သတ်ပြီး ယူချလာ အဆိုပါ စိန်နှစ်တုံးကို ထုခွဲရောင်းချပြီး ရသည့်ပိုက်ဆံများနှင့် ဒူဘိုင်းလစ်ရန်ကြံနေချိန်တွင် သူ့ဆိုင်ကိုလာပြင်တဲ့ကားတွေစီးပြီး သူဌေးဂိုက်တအားဖမ်းသည့် မင်းသားက ဘုမသိဘမသိ ပါဝင်ပတ်သတ်မိပါလေရော ပတ်သတ်မိသည့်အကြောင်းရင်းက လှပပိုက်ဆံရှိသော မင်းသမီးကို အရချိုင်လိုတာကြောင့်ပါ သို့သော် သူသွားလုံးသည့် ဘောစိမလေးက ထင်သလောက်မရိုးရှင်းပဲ ဇာတ်ရှုပ်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေသောအခါ..... IMDb 7.2 ရရှိထားတဲ့ ဒီဇာတ်ကားလေးက ဟာသတွေ အိုဗာအက်တင်တွေဇွတ်ထည့်ထားတယ်ထင်ရပေမဲ့လဲ ဇာတ်ကားတစ်ကားရဲ့ အဓိကကျောရိုးဖြစ်တဲ့ ခိုင်မာတဲ့ဇာတ်အိမ်ရှိနေတာကြောင့် သူ့ဟာသတွေက ဇာတ်ကိုပေါ့ပေါ့ပါးပါးသယ်သွားပေးသလိုပါပဲ မင်းသားမင်းသမီးတွေကလဲ မျက်စိအေးစရာလေးတွေဆိုတော့ အတိုင်းထက်အလွန်ပေါ့ဗျာ အဲ့တော့ ကုလားကားဆို အတည်ပေါက်ကြမ်းပြနေတာပဲကြည့်ရတာများတော့ အခုလိုအချစ်ဟာသအက်ရှင်ဇာတ်လမ်းပုံစံလေးကို ကျွန်တော်ကတော့ သဘောကျမိလို့ ပရိသတ်ကြီးအတွက်လဲ တင်ဆက်ပေးလိုက်ပါတယ် File size…2.76GB / 1.4GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 25m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Nyein Aye ~ BpL ~ Taylor ~ Sai ThuRein ~ Yunni
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.76 GB | Download | |
| 1080p | 2.76 GB | Download | |
| 720p | 1.4 GB | Download | |
| 720p | 1.4 GB | Download |
ထုတ်လွှင့်သည့်နေ့
December 30, 2022
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director
Ram Ganpati Rao