
အလင်းရောင်အောက်မှာ အရိပ်ရှိလိမ့်မယ်တဲ့။ ဒီတစ်ခေါက် ဘာသာပြန်တင်ဆက်ပေမယ့် ရုပ်ရှင်လေးရဲ့ အကျဉ်းလေးကတော့- ဝမ်ရှောင်ရှာဆိုသူဟာ မြို့ငယ်လေးတစ်မြို့မှာ မျက်ကန်းအဖေနဲ့အတူ ခြင်းတောင်းတွေ ရက်လုပ်ရောင်းချနေသူဖြစ်ပါတယ်။ သူ့ရဲ့ တစ်ခုတည်းသောဆုတောင်းက သူ့အဖေရဲ့မျက်စိကို ပြန်မြင်စေချင်တာပဲ ဖြစ်ပါတယ်။ သူ့အဖေအတွက် ဆေးကုပေးဖို့ သမားတော်ကို ရှာဖွေရင်း ချီရင်ဂိုဏ်းက ရှန်လန်အာနဲ့ တွေ့ဆုံခဲ့ပြီး အကြံအစည်ကြီးတစ်ခုထဲကို မတော်တဆဝင်ရောက်သွားခဲ့ပါတယ်။ ချီရင်ဂိုဏ်းဟာ လောကကိစ္စတွေမှာ ဝင်မပါပဲ ထျန်းကျွယ်ဝမ်ချဲ့ဆိုတဲ့ နတ်ပစ္စည်းတစ်ခုကို ကာကွယ်စောင့်ရှောက်နေရတဲ့ဂိုဏ်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒီနတ်ပစ္စည်းကို လိုချင်နေတဲ့ မိစ္ဆာအရှင်ကြီး မော်ကျိုကတော့ ဝမ်ရှောင်ရာရဲ့အဖေကိုဖမ်းဆီးထားပြီး သူ့အတွက်ချီရင်ဂိုဏ်းထဲမှ ဝမ်ချဲ့ကိုယူခဲ့ပေးဖို့ခြိမ်းခြောက်ခဲ့ပါတယ်။ ချီရင်ဂိုဏ်းထဲ ရောက်လာတဲ့ ဝမ်ရှောင်ရှာတစ်ယောက် ဖုံးကွယ်ထားတဲ့ သူ့ဘဝအကြောင်းကို သိပြီးနောက်- သူ့အဖေကို ကယ်တင်နိုင်ပါ့မလား ...... သူ့ခန္ဓာကိုယ်ထဲက အစွမ်းတွေကို ဘယ်လိုရလာပြီး ဘယ်လိုအသုံးချသွားမလဲ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Fantasy Runtime : 1h 17 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download |