
အရိုတစ်လိုင်းကြိုက်သူတွေရော၊ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ချင် သူတွေနဲ့ အာဝုချစ်သူတွေအတွက်ပါ အချစ်ဟာသဇာတ်မြူးလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Puppy Love ဆိုတဲ့နာမည်အတိုင်း အာဝုရေးတဲ့ဖူးစာလို့ ပြောရမယ်ထင်ပါတယ်။ အာဝုလေးတွေက အောင်သွယ်တော်လေးတွေပေါ့နော်။ နစ်ကိုးလ် ဆိုတာ အလုပ်ကြိုးစားပြီး ထက်မြက်သွက်လက်တဲ့ ကောင်မလေးပေါ့။ သူနေတတ်တဲ့ ပုံစံကြောင့် တော်ရုံရည်းစားက သည်းမခံနိုင်သူပါ။ တစ်နေ့မှာ အသည်းကွဲနေတဲ့ နစ်ကိုးလ် ဟာ လမ်းဘေးက အာဝုအထီးလေးတစ်ကောင်ကို သနားလို့ ခေါ်မွေးစားပြီး ချန်းနင်းတေတမ် လို့ နာမည်ပေးထားပါတယ်။ မက်စ် ကတော့ လူတွေကို ဆက်ဆံရမှာကြောက်ရွံ့ပြီး အိမ်တွင်းပုန်းနေတတ်သူပါ။ တစ်နေ့မှာ ဆရာ၀န်က သူ့စိတ်အခြေအနေတိုးတက်ဖို့ ခွေးတစ်ကောင်မွေးခိုင်း ခဲ့ပါတယ်။ ဒီလိုနဲ့ မက်စ် တစ်ယောက် ကလိုဝီ ဆိုတဲ့ အာဝုမလေးကို မွေးဖြစ်ခဲ့ ပါတယ်။ တစ်နေ့တော့ ကလိုဝီ နဲ့ ချန်းနင်း ကို အကြောင်းပြုပြီး ပိုင်ရှင်တွေ ဖြစ်တဲ့ မက်စ် နဲ့ နစ်ကိုးလ် တို့ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ စစချင်းဆောက်နဲ့ထွင်းဆို သလို ပြဿနာတွေတက်ပြီး မပြေလည်ခဲ့ကြပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ မထင်မှတ်တဲ့အကြောင်းအရင်းတွေနဲ့ အာဝုလေးတွေကို အကြောင်းပြုပြီး သူတို့နှစ်ဦးပြန်ဆုံတွေ့ရဖို့ ဖြစ်လာတဲ့အခါ။ အာဝုလေးနှစ်ကောင်၊ အဆင်လေးနှစ်ယောက်နဲ့ အလွဲပေါင်းသောင်းခြောက်ထောင်ကို ရယ်ရယ်မော မော ကြည့်ရမှာမို့ ခဏတာစိတ်အမောတွေပြေဖို့ ကြည့်ကြည့်လိုက်ရအောင်နော်။ (မက်စ်အဖြစ် flash series က မင်းသား Grant Gustin က ပါဝင်ထားပါတယ်။) (ဒီဇာတ်လမ်းရဲ့အညွှန်းကို C'monမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ C'mon, Khant Sett Naing တို့ဖြစ်ပါတယ်) File Size..........(2.5 GB) / (1.5 GB) / (624 MB) Quality............WEB-DL 4K HEVC / 1080p / 720p Duration.........1Hr 45Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator......C'mon, Khant Sett Naing Encoder..........Zin Phyo Aung
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | Download | ||
| 4K | Download | ||
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |