
Princess Protection Program (2009) Selena Gomez နဲ့ Demi Lovato တို့ရဲ့ ငယ်ရွယ်တက်ကြွတဲ့ ပုံစံကို ပြန်မြင်ရမယ့် ကားဟောင်းလေးပါ။ Selena ကတော့ ကာတာလို့ခေါ်တဲ့ ငါးစာရောင်းတဲ့ သာမန်အထက်တန်းကျောင်းသူလေးဖြစ်ပြီး Demi ကတော့ ရိုဆလင်ဒါလို့ခေါ်တဲ့ မင်းသမီးတစ်ပါးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ကာတာရဲ့အဖေက ခြိမ်းခြောက်ခံရတဲ့ နေရာအနှံ့က မင်းသမီးတွေကိုကယ်တင်တဲ့ နိုင်ငံတကာလျှို့ဝှက်အေဂျင်စီမှာ အလုပ်လုပ်တာပါ။ မင်းသမီးရိုဆလင်ဒါနေတဲ့ ကိုစတာလူနာဆိုတဲ့တိုင်းပြည်က ကျွန်းနိုင်ငံလေးဖြစ်ပြီး သူ့ဖခင်ဘုရင်ကြီးနတ်ရွာစံသွားတဲ့အတွက် မင်းသမီးက နောက်တစ်လနေရင် ဘုရင်မအဖြစ် နန်းတက်ရတော့မှာပါ။ နန်းတက်ပွဲအတွက်လေ့ကျင့်နေချိန်မှာ ဗိုလ်ချုပ်ကိန်းက မင်းသမီးငယ်သေးတာကို အကြောင်းပြပြီး အာဏာသိမ်းဖို့လုပ်ပါတော့တယ်။ ကံကောင်းစွာနဲ့ ရိုဆလင်ဒါအမေစီစဉ်ထားမှုကြောင့် ကာတာ့အဖေက ရိုဆလင်ဒါကို ခေါ်ထုတ်လာနိုင်ပါတယ်။ ရိုဆလင်ဒါကို အေဂျင်စီက လုံခြုံတဲ့အချိန်ရောက်တဲ့ထိ နေရာချပေးဖို့လုပ်ရာကနေ ကာတာတို့အိမ်ကို ၀မ်းကွဲညီအမ ရိုစီအဖြစ်ရောက်လာပါတော့တယ်။ ရိုစီကို သာမန်ဆယ်ကျော်သက်ကောင်မလေးလို နေတတ်အောင် ကာတာက သင်ပေးရင်း ကြုံတွေရတဲ့ အဖုအထစ်လေးတွေ ကျောင်းမှာကြုံရတဲ့အခက်အခဲတွေကို တွေ့ရဉီးမှာပါ။ ကျောင်းကပွဲတွေ ဘုရင်မရွေးတာတွေပါ ကြည့်ရမှာဖြစ်ပြီး နောက်ဆုံးမှာ ရိုစီ သူ့တိုင်းပြည်ကို ပြန်နိုင်အောင် ကြိုးစားပုံတွေကိုပါ အားပေးခံစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.75GB, 1.05GB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 30Min Genre - Comedy, Drama, Family Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y