
ဒီကားကတော့ The Exorcist လိုပဲ နတ်ဆိုးနှင်တဲ့ ရုပ်ရှင်မျိုးပါ။ Conjuring လိုမျိုး အလွတ်တန်းမဟုတ်ဘဲ ကတ်သလစ်ဘုရားကျောင်းရဲ့ အဖွဲ့အစည်းစနစ်နဲ့ လုပ်ဆောင်ပုံတွေကို တွေ့ရမှာပါ။ ကတ်သလစ်ဘုရားကျောင်းဟာ မိစ္ဆာနှင်သင်တန်းတွေ ပေးနေပြီး အမျိုးသားဘုန်းတော်ကြီးတွေပဲ တက်ရောက်ခွင့်ရှိတဲ့နေရာပါ။ ဒါပေမဲ့ စစ္စတာအန်းဟာ မိစ္ဆာနှင်တဲ့ဘာသာရပ်ကိုအထူးစိတ်ဝင်စားပြီးတော့ ပထမဆုံးအမျိုးသမီးအဖြစ် လုပ်ခွင့်ရရေး ကြိုးပမ်းနေတဲ့သူပါ။ သူ့မှာ သမားရိုးကျမဟုတ်တဲ့ မိစ္ဆာနှင်နည်းစိတ်ကူးတွေရှိပြီး အဓိကအားဖြင့် မိစ္ဆာထက် ပူးကပ်ခံရသူကို နားလည်အောင်လုပ်ဖို့ မြင်အေင်ကြည့်ဖို့ အားသန်သူဖြစ်ပါတယ်။ ရှေးရိုး မိစ္ဆာနှင်နည်းတွေနဲ့ ယုံကြည်ရာအတိုင်းလုပ်မယ့် စစ္စတာအန်းတို့ကြားမှာ အငြင်းအခုန်တွေဖြစ်နေရင်းနဲ့ သာမန်နည်းတွေနဲ့ ဘယ်လိုမှ နှင်လို့မရတဲ့ နတ်ဆိုးပူးကပ်မှုတွေကို ကြုံလာရတဲ့အခါ ဘယ်လိုဆက်ပြီးရင်ဆိုင်ကြမလဲဆိုတာကို စိတ်ဝင်စားစရာပြသထားပါတယ်... File size…1GB / 459MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson