
Prathibha Tutorials 2024 ပညာရဲရင့်ပွဲလယ်တင့် IMDb 7.4/10 ကျောင်းသားတွေစာသင်ကြတယ်ဆိုတာက ပန်းတိုင်အမျိုးမျိုးအတွက်ပါပဲ ဆရာဝန် အင်ယာ စသဖြင့်ရည်မှန်းချက်ကိုယ်စီနဲ့ပေါ့ ဒီကားကလည်းဒီလိုရည်မှန်းချက်တစ်ခုကြောင့် အသက်၄၀လောက်မှ စာထသင်ချင်တာပါ မလေယာလမ်းဆိုတော့ ဘာတွေပညာပေးပြီး ဘယ်လိုတွေရယ်နေရမယ်ဆိုတာဒေါင်းကြည့်ကြဖို့ မမေ့နဲ့နော် အကြောင်းကဘယ်ကစမလဲဆိုရင် သူများမယားကိုဖွန်သွားကြောင်တာကစပါလိမ့်မယ် ခိုးတွဲနေတဲ့မယားက ယောကျာ်းအိမ်မှာရှိကြောင်း မလာနဲ့ဆိုတဲ့အကြောင်းကို စာနဲ့ပို့ခဲ့ပေမဲ့ စာမဖတ်တတ်လေတော့ စာပို့တယ်ဆိုပြီးပျော်ကာရွှင်ကာနဲ့ အိမ်ကိုခိုးသွားပြီး ယောက်ျားဖြစ်သူနဲ့တည့်တည့်တိုးပြီး အထိုးခံရပါလေရော ဒီလိုနဲ့ ညီလိုပေါင်းနေတဲ့ကောင်လေးက စာသင်မှဖြစ်မယ် စာတတ်ရင်ဒီလိုမဖြစ်ဘူးဆိုပြီး ရွာကကျောင်းကိုဝယ်ပြီး အဲဒီမှာစာသင်ပေးဖို့လုပ်ပါတယ် အဲဒီကျောင်းကလည်းပိုင်ရှင်ရှိပါတယ် ကွယ်လွန်သွားတဲ့ဖခင်ရဲ့လမ်းပြမှုကြောင့် ကျောင်းနာမည်ကိုချိန်းပြီး နည်းပြသင်တန်းကျောင်းဖွင့်ဖို့လုပ်နေချိန်ပေါ့ သူတို့ကလည်းမရောင်းချင် ဟိုဘက်ကလည်းအတင်းဝယ်ချင်နဲ့ ဘယ်လိုအခွီဇယားတွေဆက်ဖြစ်သွားမယ်ဆိုတာကိုတော့… ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )