
Pogumidam Vegu Thooramillai (2024) “ဤခရီး မဝေးပါ” ဇာတ်လမ်းဇာတ်အိမ်ခပ်ဆန်းဆန်းနဲ့ တမီးလ်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ တီရူနယ်ဗယ်လီမှာ စော်တအားကြည်လို့ မိန်းမတစ်ယောက်ထက်မကယူလိုက်တဲ့ နာရာယာနာဆိုတဲ့လူတစ်ယောက်ရှိတယ်။ မယားကြီးနဲ့ရော မယားငယ်နဲ့ရော မွေးလိုက်တဲ့သားတွေက စိတ်ကြမ်းကိုယ်ကြမ်း လူ့ဘီလူးတွေ။ နာရာယာနာကြီး မတော်တဆမှုနဲ့ ချန်နိုင်းမှာလျှောသွားတော့ ဈာပနကျင်းပဖို့အရေး မယားကြီးနဲ့ မယားငယ်ရဲ့ သားသမီးတွေ အလောင်းလုဖို့စိုင်းပြင်းကြပါရော။ အလောင်းသွားပို့ရမှာက မွေးခါနီးဖွားခါနီးဇနီးသည်နဲ့ ဒုက္ခများနေတဲ့ ကူးမား။ ဇနီးသည်မီးဖွားစရိတ်ရဖို့အရေး အလောင်းပို့မယ်လုပ်တော့ အလောင်းလုမဲ့အရေးသိနေတဲ့နယ်ခံတွေက ဘယ်သူမှမလိုက်ရဲကြ။ ဒါကိုမသိဘဲ ကူးမားတစ်ယောက် တီရူနယ်ဗယ်လီဆီ အလောင်းတစ်ခု ကိုယ်တစ်ခုရယ်နဲ့ခရီးနှင်လာခဲ့ပြီး လမ်းမှာ ကိုလေပေါတစ်ကောင်က လမ်းကြုံလိုက်လာရာကစ ဘယ်မှာဆုံးမလဲ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)