
ဆိုက်ကို သည်းထိတ်ရင်ဖို ဇာတ်ကားကြမ်းကြမ်းလေးကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနေ့မှ လတ်လတ်ဆတ်ဆတ်ထွက်ထားတဲ့ Piggy ဆိုတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။ နွေရာသီ ကျောင်းပိတ်ရက်မှာ ဆယ်ကျော်သက်အရွယ် ကောင်မလေး ဆာရာဟာ မိဘတွေရဲ့ အသားဆိုင်မှာပဲ နေပြီး အိမ်တွင်းပုန်းနေခဲ့တယ်။ အကြောင်းအရင်းကတော့ ဆာရာဟာ အင်မတန် ဝလွန်းတဲ့ ကောင်မလေးဖြစ်တာကြောင့် အပေါင်းအသင်းတွေကြား အလှောင်ခံ အနိုင်ကျင့်ခံရလို့ပါ။ အမေ ဖြစ်သူဆီကပါ မှိုချိုးမျှစ်ချိုး ပြောခံရတဲ့ ကလေးမလေးပါပဲ။ ဒီလိုနဲ့ တစ်နေ့ မြို့ထဲက ရေကန်လေးတစ်ခုမှာ ဆာရာတစ်ယောက် ရေကူးနေချိန် ရိုစီ မာကာနဲ့ ကလောင်းဒီးရားဆိုတဲ့ ကောင်မလေး ၃ ဦးက ဆာရာ့ကို ပိုက်ကွန်နဲ့ ရေနစ်မလို ဖြစ်တဲ့အထိ အနိုင်ကျင့်ပြီး ဆာရာရဲ့ အဝတ်အစားအိတ်တွေ တဘက်တွေကို ယူသွားခဲ့တယ်။ ဆာရာတစ်ယောက် ဘီကီနီနဲ့ပဲ အိမ်ကို လမ်းလျှောက်ပြန်ခဲ့ရတယ်။ ဆာရာနဲ့ ရေကန်မှာ အတူတူရှိခဲ့ ယောက်ျားတစ်ဦးက ဆာရာကို အနိုင်ကျင့်ခဲ့တဲ့ မာကာကို ကားထဲထည့်ပြီး သွေးသံတရဲရဲနဲ့ ခေါ်သွားခဲ့တယ်။ ဆာရာကိုယ်တိုင်လည်း တွေ့ခဲ့တယ်။ ဒါပေမဲ့ ကိုယ့်ကို အနိုင်ကျင့်ပြီး ရွံစရာလို ဆက်ဆံတဲ့သူကို ဘာလို့ ကယ်တင်ပေးရမှာလဲလို့ ဆာရာ တွေးကြောက်ပြီး ရေငုံနှုတ်ပိတ် နေခဲ့တယ်။ ဒီလိုနဲ့ အလောင်းတွေ ပေါ်လာတဲ့အချိန် ရဲတွေလည်း ပါဝင်ပတ်သက်လာတဲ့အချိန်မှာတော့ ဆာရာတစ်ယောက် ဘယ်လို ဖြေရှင်းမလဲ? အပြစ်လွတ်မှာလား? လူသတ်သမားနဲ့ ပူးပေါင်းမှာလား? လူတစ်ယောက်ရဲ့ ပိန်တာ ဝတာကို အလွန်အကျွံ နှိမ်ချ အနိုင်ကျင့်သူတွေရဲ့ နိဂုံးက ဘာဖြစ်မလဲ? အနိုင်ကျင့်ခံရသူရဲ့ အတွင်းစိတ်ဟာ ဘယ်လောက်ထိ အန္တရာယ်များနိုင်မလဲ? စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားလေးဖြစ်တာမို့ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size : 1.5GB, 1GB, 412MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 30mins Genre : Drama, Horror, Thriller Translated by Kit Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.5 GB | Download | |
| 720p | 1 GB | Download |