
၁၉၃၃ ခုနှစ် ဂျိုဆွန်းပြည် (ကိုရီးယား) ကို ဂျပန်တွေအုပ်စိုးနေချိန်မှာ ဂျပန်ဘုရင်ခံချုပ်ကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု။ ဘယ်သူဘယ်ဝါရယ်လို့ တရားခံမပေါ်သေးခင်မှာပဲ အစအနပျောက်သွားခဲ့ပေမဲ့ လူတိုင်းရဲ့စိတ်ထဲမှာ စွဲကျန်နေခဲ့တဲ့ “တစ္ဆေ” ဆိုတဲ့လူတစ်ဦး။ ဂျိုဆွန်းလူမျိုး “တစ္ဆေ” က ဦးဆောင်နေတဲ့ အကြမ်းဖက်ဂိုဏ်းဟာ ဂျိုဆွန်းရဲ့နေရာတိုင်းမှာသာမက ရှန်ဟိုင်းအထိပါ သူလျှိုတွေစေလွှတ်ထားပြီး ဂျပန်အစိုးရကို အကြီးအကျယ်ထိတ်လန့်စေနေခဲ့ပါတယ်။ ဒီလိုနဲ့ ဒုတိယအကြိမ် ဘုရင်ခံချုပ် လုပ်ကြံခံလိုက်ရပြီးတဲ့နောက်မှာတော့ ဗိုလ်ချုပ်ကြီး ဒါခါဟာရာ ဟာ သံသယရှိသူ ဂျိုဆွန်းလူမျိုး ၅ ဦးကို ဟိုတယ်တစ်ခုထဲမှာ ထိန်းသိမ်းလိုက်ပါတော့တယ်။ ကိုယ်က တစ္ဆေမဟုတ်ကြောင်းကိုပဲ သက်သေပြမလား၊ ဒါမှမဟုတ် သံသယရှိသူကိုပဲ ထုတ်ပြောပြီး ကိုယ်လွတ်မြောက်ဖို့ကိုပဲ ရွေးချယ်ကြမလား ဆိုတဲ့ ရွေးချယ်စရာ ၂ ခုပဲရှိတော့တဲ့ အချိန်မှာတော့ ဒီလူ ၅ ယောက်အနေနဲ့ ဘယ်လိုဆုံးဖြတ်ချက်မျိုးကို ချကြမလဲ။ သူတို့ထဲမှာ တကယ်ပဲ “တစ္ဆေ” ရှိနေတာလား ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် Action, Thriller ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ Casts တွေအနေနဲ့လည်း နာမည်ကြီးတွေဖြစ်ကြတဲ့ Sol Kyung-gu, Lee Honey, Park So-dam, Park Hae-soo, Kim Dong-hee နဲ့ Seo Hyun-woo တို့က ပါဝင်ထားတာဖြစ်လို့ ကြည့်ရှုရတန်စေမှာ အသေအချာပါပဲ။ အညွှန်းကိုတော့ Hmwe Thet Winn က ရေးထာပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။a Genre..... Action Quality…. 1080p | 720p | 480p File size… 1.3GB | 660MB | 344MB Format… mp4 Duration…. 2h 10 min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Joyz Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.3 GB | Download | |
| 1080p | 1.3 GB | Download | |
| 720p | 660 MB | Download | |
| 720p | 660 MB | Download |
ထုတ်လွှင့်သည့်နေ့
March 22, 2023
ကြာချိန်
20m
အဆင့်သတ်မှတ်ချက်
0.0 / 10
Director
Dong Kaiyu