
Patriot Games (1992) ~ IMDb - 6.8/10, Rotten Tomatoes - 72% ~ ဒီဇာတ်ကားကတော့ Jack Ryan Franchise ရဲ့ ဒုတိယကားဖြစ်ပြီး ပထမကားအပြီး နှစ်နှစ်အကြာ ၁၉၉၂မှာ ထွက်ရှိခဲ့တာပါ။ ဒီကားရဲ့ Jack နေရာမှာတော့ မင်းသားကြီး Harrison Ford က သရုပ်ဆောင်ထားသလို ပါတိုင်းသေ မင်းသားကြီး Sean Bean နဲ့ အချစ်တော်ကြီး Samuel L. Jackson တို့ ပါဝင်လို့ Cast List နဲ့တင် ရှိန်လောက်တဲ့ကားပါ။ အိုင်းရစ်ရီပတ်ဘလစ်တပ်မတော်လို့ ခေါ်တဲ့ IRA က ဗြိတိန်ကျွန်းစုရဲ့ အင်အားကြီးသူပုန်အဖွဲ့ဖြစ်ပြီး မြောက်အိုင်ယာလန်ကို ဗြိတိန်တွေရဲ့လက်အောက်က ခွဲထွက်ဖို့ ကြိုးစားနေတဲ့အဖွဲ့ကြီးပါ။ ဒီဇာတ်ကားမှာ IRA က အိုင်ယာလန်ဘုရင်ခံဖြစ်လာမယ့် ဗြိတိန်မင်းသားကိုလုပ်ကြံဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ သူတို့ကို တားဆီးခဲ့တဲ့သူက တခြားသူမဟုတ်ဘဲ ဇာတ်လိုက်ကျော်ကြီး ဂျက်ရိုင်ယန်ပါပဲ။ ဒါပေမဲ့ လုပ်ကြံမှုကိုတားဆီးရင်း IRA တပ်သားတစ်ဦးဖြစ်တဲ့ ရှောင်ရဲ့ ညီကို ဂျက်တစ်ယောက် သတ်မိခဲ့ပါတယ်။ ညီဖြစ်သူသေဆုံးသွားလို့ အခဲမကျေတဲ့ ရှောင်က မူလမစ်ရှင်ဖြစ်တဲ့ ဗြိတိန်မင်းသားကိုတောင် ဂရုမစိုက်တော့ဘဲ အမေရိကန်အထိလိုက်ပြီး ဂျက်နဲ့ သူ့ရဲ့မိသားစုကို လိုက်လံသတ်ဖြတ်ဖို့ ကြိုးစားပါတော့တယ်။ IRA အဖွဲ့ဝင်ရဲ့ အငြိုးကိုခံလိုက်ရတဲ့ ဂျက်အနေနဲ့ သူ့မိသားစုကို အသက်ဘေးက ကာကွယ်ဖို့ ဘယ်လောက်ထိ ကြိုးပမ်းသွားရမလဲဆိုတာ ဒီဇာတ်ကားမှာ ကြည့်ရှူခံစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 775MB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 57Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by X Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 720p | Download |