
Patersonဇာတ်ကားဟာ အချစ် ကဗျာစာပေ နဲ့ မျှော်လင့်ချက်အိမ်မက် တွေအကြောင်း အသားပေးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်တယ်။ Patersonမြို့ရဲ့အလှအပကိုကဗျာဆန်ဆန် ခံစားပြထားသလို Paterson အမည်ရှိဇာတ်ကောင်က နေ့စဉ်ကြုံတွေ့ရသမျှကိုလည်း ကဗျာ ဆန်ဆန်တွေးပြီးခံစားပြထားပါတယ်။ ကဗျာခံစားတတ်သူတို့ရဲ့နူးညံ့တဲ့စိတ်သဘောထားနဲ့ တခြားသာမန်လူတွေရဲ့နေ့စဉ်ဘဝအပေါ်မှာတုန့်ပြန်မှုစိတ်သဘောထားကို ယှဉ်ပြီးပြထားတယ်။ ရိုးရှင်းတဲ့ဘဝပုံစံနဲ့ ဇနီးမောင်နှံနှစ်ဉီးရဲ့အပြန်အလှန်ချစ်ခင်ဖေးမမှုတွေကို ဇာတ်လမ်းထဲမှာကြည်နူး ဖွယ်တွေ့နိုင်တယ်။ မျှော်လင့်ချက်တွေဟာ လက်တွေ့လုပ်ရင်ဖြစ်လာကြောင်းကို ပညာပေးဆန်ဆန် ပြထားပါတယ်။ အဆိုးတွေကြုံလာသည့်တိုင်အောင် အေးဆေးတည်ငြိမ်စွာတုံ့ပြန်တတ်တဲ့ ကဗျာဆရာတစ်ဉီးရဲ့လှပတဲ့နှလုံးသားကိုမြင်တွေ့ရမှာပါ။ မင်းသားကြီးAdam Driverအဓိကသရုပ်ဆောင်ထားပြီး ကဗျာဆရာRon Padgettရဲ့ကဗျာတွေကိုအသုံးပြုထားတဲ့ စိတ်နှလုံးအေးချမ်းမှုရသ ကိုပေးစွမ်းနိုင်တဲ့ စွဲမက်စရာဇာတ်ကားကောင်းလေးပါ။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Mya Phyo Nandar ပဲဖြစ်ပါတယ်။) Quality – 1080p, 720p BluRay Duration - 1hr 49min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Romance Source : 1080p. BluRay Translator – Mya Phyo Nandar Encoder – SWM