
Paramporul (2023) – ငွေရဲ့ကျေးကျွန်များ IMDb – 9.3/10 ဘဝမှာ အလိုအပ်ဆုံးအရာကဘာလဲလို့ မေးလာခဲ့ရင် အချစ်လို့ဖြေတဲ့လူရှိမယ်။ မိသားစု၊ ပျော်ရွှင်မှု၊ မေတ္တာ အစရှိသဖြင့် အမျိုးမျိုးဖြေကြပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်သူတွေဘာဖြေဖြေ ကျွန်တော်တို့တွေဟာ ငွေဆိုတဲ့အရှင်သခင်ကို နေ့စဉ်ခစားနေရဆဲဆိုတာကိုတော့ ဘယ်သူမှမငြင်းနိုင်ကြပါဘူး။ ဇာတ်လမ်းအကျဉ်း အာဒီဟာ သားကြီးတစ်ယောက်ပီပီ ရောဂါသည်းနေတဲ့ ညီမဖြစ်သူကို ဆေးကုပေးချင်စိတ်ပြင်းပြနေပါတယ်။ ဖြစ်ချင်တော့ အာဒီဟာ လွန်ခဲ့တဲ့ ၇ နှစ်ကအထိ ဆာဂူနမ်ဆိုတဲ့ ရှေးဟောင်းရုပ်တုရောင်းဝယ်ရေးက ဆရာတစ်ဆူရဲ့လူယုံဖြစ်ခဲ့တော့ မျိုးမျိုးမြတ်မြတ်စားရပေမဲ့ ဆာဂူနမ်ကလည်းသေ အလုပ်လက်မဲ့လည်းဖြစ် ဆေးကုသစရိတ်ကလည်းထောင်းဖြစ်နေတော့ အာဒီတစ်ယောက် အကြံအိုက်နေပါပြီ။ အာဒီတစ်ယောက် ဘာလုပ်နေမှန်းမသိတဲ့ မိသားစုဝင်တွေကလည်း စိတ်ပူလို့တစ်ဖုံ အားမရလို့တစ်ဖုံ ဆူပူရေရွတ်နေကြတာပေါ့။ ဒီလိုနဲ့ အကြံကုန်ဂဠုန်ဆားချက်အာဒီတစ်ယောက် တွေ့ရာအိမ်တစ်အိမ်ဝင်အခိုးမှာ ကျားရှေ့မှောက်လျက်လဲပြီး အင်စပက်တာမိုင်သရီရန်ရဲ့အိမ်ကိုမှ တည့်တည့်ဝင်ခိုးမိတော့ ဖမ်းခံလိုက်ရပါတော့တယ်။ ထောက်လှမ်းရေးဘက်ကရထားတဲ့ သဲလွန်စကနေ ရှေးဟောင်းရုပ်တုရောင်းဝယ်ရေးအကြောင်းစစ်ဆေးမေးမြန်းရာက ကံဆုံဖို့ဖြစ်လာတဲ့ သူတို့နှစ်ယောက် ကုဋေချီတန်တဲ့ ရုပ်တုရောင်းဝယ်ရေးမှာ ပါဝင်ပတ်သက်ဖို့ဖြစ်လာတဲ့အခါ… တာဝန်သိစိတ်နဲ့ မျိုးရိုးစဉ်ဆက်ကောင်းစားနိုင်တဲ့ မက်လောက်စရာ ငွေပမာဏကြား လွန်ဆွဲနေတဲ့ရဲအရာရှိနဲ့ ညီမဖြစ်သူကို သေခင်းတံခါးဝက ငွေထုပ်နဲ့ပေါက်ပြီးပြန်ဆွဲမယ့်အာဒီတို့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရှုခံစား အားပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Alex ~ KKKZ ~ Aditi ~ BpL ~ Yunni တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2GB | Download | |
| 1080p | 2.2GB | Download | |
| 1080p | 2.2GB | Download | |
| 1080p | 2.2GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download | |
| 720p | 1GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
9.2 / 10
Director