
IMDb – 5.5/10 ပန်ဒါဆိုတာ တရုတ်နိုင်ငံနဲ့ ဆိုင်နိုစပီးယားဒေသမှာသာရှိတဲ့ ဝက်ဝံမျိုးဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အမှတ်သင်္ကေတလည်း ဟုတ်ပါတယ်။ ဥရောပနိုင်ငံအများအပြားက စုပေါင်းပြီးထုတ်လုပ်တဲ့ ဒီအန်နီမေးရှင်းရုပ်ရှင်မှာတော့ ဖန်းမ်ဆိုတဲ့ ပန်ဒါလေးရဲ့ စွန့်စားခန်းကိုတွေ့ရမှာပါ။ နဂိုက ရှက်တတ်၊ ကြောက်တတ်တဲ့ ပန်ဒါလေးဟာ အချစ်ဆုံးသူငယ်ချင်း နဂါးမလေးဂျီလုံ ပြန်ပေးဆွဲခံရတဲ့အခါမှာတော့ ဘာကိုမှ မငဲ့ကွက်တော့ဘဲ သူငယ်ချင်းရှိရာ အာဖရိကအထိ လိုက်လံကယ်တင်ပါတော့တယ်။ အာဖရိကမှာ မျောက်ကလေးဂျိုဂျို၊ ဟိုင်အီးနားမလေး နီယာလာတို့နဲ့အတူအဖွဲ့ကျပြီး ငှက်ကုလားအုတ်၊ အဝလွန်မိချောင်း၊ ဘာဘွန်းမျောက်မ၊ ကြံ့ကြီး၊ မီယာကတ်တပ်ဖွဲ့တို့ကို ရင်ဆိုင်ပြီး ခြင်္သေ့မင်းသားလေး အာဒေရဲ့ နန်းတွင်းရေးကိုလည်း ပါဝင်ကူညီဖြေရှင်းခဲ့ရပါသေးတယ်။ ပန်ဒါလေးရဲ့ အာဖရိကစွန့်စားခန်းကတော့ ရသစုံတယ် ပြောရပါမယ်။ ရုပ်ရှင်ဝေဖန်သူတွေကတော့ ဇာတ်ကောင်တွေများလွန်းတာ၊ ဇာတ်လမ်းသွားကို ခန့်မှန်းရလွယ်လွန်းတာ၊ စကားများလွန်းတာတွေ ထောက်ပြကြပါတယ်။ Lion King, Kung Fu Panda, Jungle Book စတဲ့ နာမည်ကြီးဇာတ်ကားတွေကို တိုက်ရိုက်ကူးချထားတဲ့ဇာတ်ကွက်တွေလည်း ပါဝင်ပါတယ်။ အသံသရုပ်ဆောင်တွေ အများစုဟာ ဇာတ်ကောင်တစ်ကောင်ထက်ပိုပြီး သရုပ်ဆောင်ခဲ့ရပါတယ်။ Yootha Wong-Loi-Sing, Maurits Delchot, Georgina Verbaan, Silas Lekgoathi, Namisa Mdalose, Candice Modiselle တို့က အသံသရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ Richard Claus နဲ့ Karsten Kiilerich တို့ဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ Richard, Karsten တို့နဲ့အတူ Rob Sprackling တို့ကရေးသားခဲ့ပါတယ်။ အညွှန်းနဲ့ ဘာသာပြန် Thompson ဖြစ်ပါတယ်။ File size…(1.7 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Animation, Adventure, Family, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 1080p | 1.7 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download | |
| 720p | 1 GB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director