
Padmini(2023) ဘောလိဝုဒ်ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ IMDb 6.8/10 ,The TIMES Of india 3/5, Gadgets 360 မှာ 4.3/5 ရထားတဲ့ ဟာသကားသစ်လေးပဲဖြစ်ပါတယ်။ ဒီကားမှာကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကတော့ မိသားစုလုပ်ငန်းစီမံတာလည်းတော်၊ အလုပ်အကိုင်ကလည်း ကောလိပ်ကဆရာ ဒါ့အပြင် အချိန်ပိုင်းကဗျာဆရာပါလုပ်သေးတဲ့ ပညာရော ဝမ်းစာပါပြည့်စုံတဲ့အပြင် နှလုံးသားလည်း နူးညံ့လှတဲ့သူပါပဲ။ဒီလိုလူဆီကို အိန္ဒိယရဲ့ရိုးရာအတိုင်း အိမ်ထောင်ရေးဆိုတာကြီးက အိမ်အရောက်လာရှာပါတော့တယ်။ ဒီမှာကံကောင်းချင်တော့ ကောင်မလေးက အချောလေးပါ။ လိမ္မာရေးခြားလည်းရှိတယ် ယဉ်လည်းယဉ်ကျေးတယ်ဆိုတဲ့ အပျံစားရီဗျူးတွေနဲ့အတူ ကျောင်းဆရာတဖြစ်လဲ အချိန်ပိုင်းကဗျာဆရာဇာတ်လိုက်ကျော်ရဲ့နှလုံးသားထဲ အမှတ်တရလို့အဓိပ္ပါယ်ရတဲ့ကောင်မလေး ဝင်လာပါတယ်ပေါ့လေ။ ဘဝကိုရိုးရိုးအေးအေးပဲဖြတ်သန်းလာရတဲ့ဆရာသမား အိမ်ထောင်လည်းကျရော ကြံသကာမြိုထားသလို တပြုံးပြုံးတဖြဲဖြဲပေါ့လေ။ ဒီလိုနဲ့ မင်္ဂလာဦးညမှာ မီးကပျက်ရိုကရိုမရ ကောင်မလေးက ‘လ’ကြည့်ရင်း လမ်းလျှောက်ထွက်ချင်တယ်ဆိုလို့ လယ်ကွင်းထဲဆင်းလမ်းလျှောက်ပေးရင်း ဟိုက သူ့ချစ်သူနောက်ခိုးရာလိုက်သွားပါလေရော။ ဇာတ်လိုက်ကျော်ခဗျာ ဟတ်ကော့ကြီးပေါ့ဗျာ။ ဒီလိုနဲ့ဂုဏ်သတင်းကျော်စောတဲ့ အမောင်ဇာတ်လိုက်ကျော်တစ်ယောက် သွားလေရာအလှောင်ခံ အရယ်ခံအဖြစ် တော်ပါပြီ အချစ်ဆိုစိတ်ကနာဆိုတဲ့အတိုင်း ညတိုင်းမင်္ဂလာကုတင်ပေါ်မှာ မင်္ဂလာမရှိစွာလူးလွန့်နေရင်း သူ့ဘဝမှာ ဘာတွေဆက်ဖြစ်လာမလဲ။ ရှက်စရာပုံရိပ်ကနေရော ရုန်းထွက်နိုင်သွားမလားဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုလိုက်ပါဦး။ အညွှန်းကိုတော့ Aditi ရေးသားပြီး Aditi, YH, V, Cherry, BpL, Yunniတို့မှ ဘာသာပြန်တင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ File size…1.7GB / 768MB Quality…1080p WEB DL /720p Format…mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ YH~ V~ Cherry~ BpL~ Yunni
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |