
ဒီရုပ်ရှင်ကားဟာ ၁၉၈၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Overboard ဆိုတဲ့ ရုပ်ရှင်ကားကို ပြန်လည် ဆန်းသစ်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ် ဇတ်လမ်းပုံစံလေးက Drama , Comedy အမျိုးအစားလေးပါ ကျနော်တို့ သိတဲ့ စင်ဒရဲလား ပုံပြင်လေးလိုပါပဲ အတိဆင်းရဲ ဒုက္ခရောက်နေတဲ့ မင်းသမီးလေးဆီကို ရွှေမင်းသားလေးက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာသလိုပေါ့ ယုံတမ်းပုံပြင်တွေက တကယ်တမ်း ဖြစ်လာနိုင်ပါတယ် အဲ့ဒီလိုပဲ မြို့လေးတစ်မြို့မှာ သူနာပြုတစ်ယောက်ဖြစ်ဖို့ စာတွေ ကျတ်ရင်း တစ်ဖက်မှာလဲ အဖေ မရှိတော့တဲ့ သမီးလေး ၃ ယောက် ရဲ့ တာဝန်တွေ ထမ်းဆောင်ရင်း Single Mother လုပ်နေတဲ့ ကိတ် ဆိုတဲ့ ကောင်မလေးရှိတယ် တစ်ခြားတစ်ဖက်မှာလဲ အန်တိုနီယို လုပ်ငန်းစုကြီးရဲ့ အမွေပိုင် လီယို ဆိုတဲ့ သူဌေးသားလေး လူရှုပ်လူပွေ လေး တစ်ယောက်လဲ ရှိပြန်တယ် လီယို က အဖေဖြစ်သူရဲ့ လုပ်ငန်းကို ဦးစီးဖို့ ရှောင်ပြေးနေပြီး အချိန်ရှိတိုင်း အပျော်စီး သင်္ဘောကြီး တစ်ခုဝယ်ကာ ကောင်မလေး အလန်းလေးတွေ တင်ရင်း သောက်လိုက် စားလိုက် ပျော်ပါးလိုက် နဲ့ အချိန်ကုန်နေတဲ့ သူတစ်ဦးပေါ့ တစ်ရက်မှာတော့ သူဌေးလေး လီယိုနာဒို ရဲ့ သင်္ဘောကြီးဟာ ကိတ်တို့ မြို့လေးရဲ့ ကမ်းစပ်မှာ ခဏတဖြုတ် ကမ်းကပ်လာပါတယ် အဲ့ဒီလိုနဲ့ သင်္ဘောပေါ် အချိန်ပိုင်း သန့်ရှင်းရေး အဖြစ် ကိတ် ကို အလုပ်ကနေ စေလွှတ်လိုက်ပါတယ် အဲ့ဒီမှာ စတွေ့တာပဲ လူဘော့ကျော့ သူဌေးလေး လီယိုက ပိုက်ဆံရှိရင် ဘာမဆိုဖြစ်တယ် ဆိုပြီး လူတိုင်းကို အနိုင်ကျင့်တက်သူ ကိတ်ကလဲ ပိုက်ဆံမရှိပေမယ့် ဘုကန့်လန့် သမား အဲ့ဒီ ၂ ယောက် တွေ့ပြီး ဘယ်လိုတွေ ရယ်ရမယ် ဘယ်လို တွေ မထင်မှတ်ထားတာတွေ ဖြစ်လာမယ်ဆိုတာကိုတော့ CM Fan တွေ ဆက်လက်ကြည့်ရှုလိုက်ပါအုံး ခင်ဗျ.... ဒီရုပ်ရှင်ကားကိုဘာသာပြန်ပေးထားသူကတော့ Cm Translator ဖြစ်သူ D3mon ဖြစ်ပြီး Thit San Khant မှ Encode ၍ တင်ဆက်ပေးထားပါတယ်
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |