
သင်ဟာ ရာဇဝတ်သားတစ်ယောက်ဖြစ်ပြီး ‘ဒီအလုပ်က နောက်ဆုံးပဲကွာ.. ဒါပြီးရင် တရားမဝင်အလုပ်တွေ မလုပ်တော့ဘူး’လို့ တွေးမိရင် ချက်ချင်း ခေါက်ထားလိုက်ပါတော့.. ဘယ်လောက်ကြိုးစားကြိုးစား အရာထင်မှာမဟုတ်ပါဘူး.. အပူပိုင်းဒေသကမ်းခြေလေးတစ်ခုမှာ ကော့တေးလေးသောက်ရင်း ဇိမ်ကျကျနေနိုင်မှာမဟုတ်ဘူး.. သက်တမ်းကြာနေပြီဖြစ်တဲ့ အကြွေးတွေကို ရှင်းနိုင်မှာမဟုတ်ဘူး.. သင်မျှော်လင့်ထားတဲ့ သက်တောင့်သက်သာ အိမ်မက်တွေလဲ ဖြစ်လာမှာမဟုတ်ဘူး.. နောက်ဆုံးတစ်ခါပါပဲဆိုပြီး သင်ကြိုးစားလဲ သင်နဲ့ သင်တန်ဖိုးထားရတဲ့ အရာတွေတွေအတွက် အဆိုးဆုံးအခြေအနေနဲ့သာ အဆုံးသတ်သွားနိုင်ပါတယ်.. ဒါကို နားမလည်သေးဘူးဆိုရင်.. Ouf of Exile က သင့်အတွက်ရှိနေပါတယ်.. ထောင်ဒဏ်၁၆နှစ် ကျခံရပြီးတော့ ခံဝန်နဲ့ လွတ်လာတဲ့ ရက်ဆဲဟာ သူ့ကို စိမ်းကားနေတဲ့ သမီးဖြစ်သူနဲ့အတူ အေးအေးဆေးဆေးနေနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ဘဏ်ငွေသယ်တဲ့ကားကို ဓားပြတိုက်ဖို့ လုပ်ပါတယ်.. ဒါပေမယ့် ကိစ္စက ထင်သလို မချောမွေ့ပဲ ဘဏ်အစောင့်ကို သတ်မိလိုက်တဲ့အတွက် FBIက ဓားပြတွေကို စုံစမ်းရှာဖွေဖို့ကြိုးစားလာတယ်.. ရက်ဆဲရဲ့ အလုပ်ရှင်ဖြစ်တဲ့ ရေဒါက သူတို့ပွပေါက်တိုးမယ့် နောက်ထပ်ဘဏ်ဓားပြမှုတစ်ခုကို ထပ်ခိုင်းပါတယ်.. ရက်ဆဲရဲ့ ဓားပြတိုက်ဖော်သူငယ်ချင်းကလဲ ပိုက်ဆံသိပ်လိုနေတယ်.. စစ်တပ်ကနေ ထွက်လာတဲ့ သူ့ညီကလဲ ဝပ်ရှော့မှာ ကြမ်းတိုက်နေရတယ်.. ဒါကြောင့် ရက်ဆဲဟာ ဘဏ်ကို နောက်ဆုံးအနေနဲ့ ဓားပြတိုက်ပြီးရင် ပိုက်ဆံတွေယူပြီး သူ့သမီးနဲ့ တခြားနေရာမှာ ဇာတ်မြုပ်နေလိုက်တော့မယ်လို့ စီစဉ်ထားတာပါ.. အစီအစဉ်တွေက ရက်ဆဲ မျှော်လင့်သလို ဖြစ်လာမှာလား .. ဗျူဟာကျ လှုပ်ရှားမှုမှာ ကျွမ်းကျင်နေတဲ့ ဓားပြတွေကို FBI က ဖမ်းနိုင်ပါ့မလား.. နောက်ဆုံးမှာ ဘယ်သူက အနိုင်ရသွားမလဲဆိုတာကတော့… File size…(2.7 GB)/(1 GB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre…Drama, Crime , Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Hnyun Yadanar Myintmo Htun