
နာမည်ကျော် Mean Girls (2004)ထဲကမင်းသမီး Lindsay Lohan ပါဝင်သရုပ်ဆောင်ထားတဲ့ ခရစ္စမတ် Rom/com ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ လိုဂန်နဲ့အေဗရီတို့ဟာ ကလေးဘဝကတည်းက အမြဲမခွဲ တတွဲတွဲနဲ့ အရွယ်ရောက်လာတော့လည်း ချစ်သူတွေဖြစ်သွားကြတဲ့ soul mateတွေပါ။ အသက်တွေ ကြီးလာလို့ ဘဝလမ်းကြောင်းကို လျှောက်ရမဲ့ အချိန်မှာ အေဗရီဟာ အိမ်မြို့လေးနဲ့ လိုဂန်ကို ထားခဲ့ပြီး လန်ဒန်မှာ အလုပ်သွားလုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ အေဗရီကို မသွားစေချင်တဲ့ လိုဂန်ကတော့ ရရာနည်းလမ်းနဲ့ ဆွဲထားမယ်လို့ ကြံရင်းကနေ အလွဲအချော်လေးတွေဖြစ်ပြီး ချစ်သူနှစ်ဦး လမ်းခွဲပြတ်စဲသွားကြပါတော့တယ်။ ဒီလိုနဲ့ ၁၀နှစ်အကြာ ၂၀၂၄ ခရစ္စမတ်မှာတော့ သူတို့နှစ်ဦးလုံး ကြင်သူကိုယ်စီနဲ့ တစ်ယောက်တစ်နေရာစီဖြစ်လို့နေကြပါပြီ။ ဒါပေမဲ့ ကံကြမ္မာရဲ့ ဆန်းကြယ်ပုံတွေကြောင့် အေဗရီရဲ့ ကောင်လေးနဲ့ လိုဂန်ရဲ့ကောင်မလေးဟာ မောင်နှမတွေဖြစ်နေပါတယ်။ အဲလိုနဲ့ ခရစ္စမတ်ပိတ်ရက်မှာ ချစ်သူရည်းစားရဲ့ အိမ်ကို အလည်လိုက် လာကြတဲ့ အေဗရီနဲ့ လိုဂန်တို့နှစ်ယောက် ပြန်လည်ဆုံတွေ့ခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သူတို့ တွဲခဲ့တယ်ဆိုတဲ့ကိစ္စကို လျှို့ဝှက်ထားဖို့ ဖြစ်လာတဲ့အခါ ဘယ်လိုအရှုပ်အထွေးတွေ ဖြစ်လာမလဲဆိုတာကို ဟာသလေးပါးပါးနှောပြီးကြည့်ရှုရမဲ့ ဇာတ်ကားလေးပါပဲ။ ခရစ္စမတ်အတွက် ကြည့်ပြီးသား ကားတွေပဲပြန်မကြည့်ချင်လို့ ရုပ်ရှင်အသစ်လိုက်ရှာနေတဲ့ ပရိတ်သတ်များ အတွက်တော့ ဒီကားလေးက ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ပျော်တာမလို့ Christmas watch list ထဲကို ထည့်ထားသင့်တဲ့ ရုပ်ရှင်ဖြစ်ကြောင်း ညွှန်းလိုက်ချင်ပါတယ်။ File size… (1.56GB) / (857MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.56GB | Download | |
| 1080p | 1.56GB | Download | |
| 1080p | 1.56GB | Download | |
| 1080p | 1.56GB | Download | |
| 720p | 857MB | Download | |
| 720p | 857MB | Download | |
| 720p | 857MB | Download | |
| 720p | 857MB | Download | |
| 720p | 857MB | Download | |
| 720p | 857MB | Download |