
ဒီတစ်ခေါက်မှာတော့ IMDB 6.1 ရရှိထားတဲ့ ခရစ္စမတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုလစ်ဗီယာက ပန်းချီပညာရှင် ပြတိုက်မှူးတစ်ယောက်ဖြစ်ပြီး မကြာသေးခင်ကကြုံခဲ့ရတဲ့ စိတ်မကောင်းဖွယ်အဖြစ်အပျက်တစ်ခုကြောင့် ဖန်တီးနိုင်စွမ်းတွေ ပျောက်ဆုံးနေခဲ့သူပါ။ ခရစ္စမတ်ကာလမှာ တစ်ဦးတည်းသောသားလေး ပါကာ့ကို ခေါ်ပြီး မိဘအိမ်ပြန်နေဖို့ စီစဉ်ထားရာကနေ သူ့ဘဝရဲ့အလှည့်အပြောင်းလေး တစ်ခုဖြစ်ခဲ့ပါတော့တယ်။ အဲဒါကတော့ သူမရဲ့မိဘအိမ်ဖြစ်တဲ့ ဝယ်လ်လင်တန်ကို ရောက်ရှိသွားခဲ့ရာကနေ အဲဒီမြို့လေးမှာ ဘုနဲ့ဘောက်ဖြစ်စွာ လူတစ်ယောက်နဲ့ တွေ့ရှိခဲ့တာပါပဲ။ စကတည်းက ယဉ်သလိုဆိုသလို ရန်ဖြစ်ပြီး စတွေ့ခဲ့တဲ့ ဝယ်လ်ဆိုတဲ့သူက သူမနဲ့ အမှတ်မထင်ဘဲ အလုပ်အတူလုပ်ရဖို့ ဖြစ်လာခဲ့ချိန်မှာတော့.. ဖြစ်ချင်တော့ အဲဒီမြို့လေးမှာ နံရံဆေးရေးပန်းချီပြိုင်ပွဲတစ်ခု ရှိနေခဲ့ပြီး ပါဝင်ယှဉ်ပြိုင်သူတွေကို ဖိတ်ခေါ်နေခဲ့တာပါ။ အိုလစ်ဗီယာက ဝင်ပြိုင်ဖို့စိတ်ကူးမရှိခဲ့ပေမဲ့ သူ့အမေဖြစ်သူ ကောင်းမှုကြောင့် ဝင်ပြိုင်ဖြစ်သွားခဲ့တယ်ပေါ့လေ။ စိတ်ကူးစိတ်သန်းတွေပျောက်ဆုံးနေသူ အိုလစ်ဗီယာတစ်ယောက် နံရံဆေးရေးပန်းချီကိုသတ်မှတ်အချိန်အတွင်း ပြီးဆုံးအောင်ဆွဲနိုင်ပါ့မလား.. သူ့ဘဝရဲ့ကြီးမားတဲ့အလှည့်အပြောင်းကရော ဘာများဖြစ်မလဲ.. ဝယ်လ်နဲ့ရော ဘုနဲ့ဘောက်ဖြစ်ရာကနေ ဘယ်လိုတွေ love spark လေးတွေ ပေါက်ဖွားလာမလဲ ဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီကားရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.65 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.65 GB | Download | |
| 1080p | 1.65 GB | Download | |
| 1080p | 1.65 GB | Download | |
| 1080p | 1.65 GB | Download | |
| 720p | 870 Mb | Download | |
| 720p | 870 Mb | Download | |
| 720p | 870 Mb | Download | |
| 720p | 870 Mb | Download | |
| 720p | 870 Mb | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.1 / 10
Director