
၂၀၀၉ခုနှစ်က ထွက်ရှိခဲ့ပြီး IMDb 6.8 Rotten Tomatoes 75% ရထားတဲ့ ပြင်သစ်စပိုင် ဟာသရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ စာရေးဆရာ Jean Bruceရဲ့ ပြင်သစ်စပိုင်ဇာတ်ကောင် ကုဒ်နာမည် OSS-117 ကို ရိုက်ကူးထားတာဖြစ်ပြီး ငယ်ငယ်က ကြည့်ခဲ့ရဖူးတဲ့ စပိုင်ဟာသကားတွေရဲ့ အရသာမျိုးကို ပြန်လည်ပေးစွမ်းနိုင်မယ့် ကားမျိုးပါ။ ဇာတ်လမ်းကတော့ ၁၉၆၇မှာတည်ထားတာဖြစ်ပြီး ပြင်သစ်လျှို့ဝှက်အေးဂျင့်ဖြစ်တဲ့ လူကြီးမင်း ဟူဘတ်ဒီလာဘာ့ဒ် (codename: OSS-117)ကို ပြင်သစ်နာဇီထောက်ခံသူစာရင်းပါတဲ့ မိုက်ခရိုဖလင်ကို ပြန်ယူဖို့ ဘရာဇီးကို စေလွှတ်ရာကနေ လျှို့ဝှက်အကြံအစည်တစ်ခုထဲကို မထင်မှတ်ပဲ ရောက်သွားတဲ့ ဇာတ်လမ်းပါ။ မြောက်အမေရိကကို ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ နာဇီဟောင်းတစ်ယောက်ဖြစ်တဲ့ ပရော်ဖက်ဆာ ဘွန်ဇင်မယ်ဆီက ပြင်သစ်နာဇီထောက်ခံသူစာရင်းပါတဲ့ ဖလင်ကို ယူပေးရမှာပါ ဘရာဇီးမှာ ဟူဘတ်တစ်ယောက် ပြဿနာ အတိုက်အခိုက်မျိုးစုံကြုံရပြီး အစ္စရေးစစ်တပ်က အရာရှိမလေးဖြစ်တဲ့ ဒလောရက်စ်နဲ့ ဆုံပါတယ်။ သူတို့နှစ်ယောက်က လိင်ကွဲပြားမှုအယူဝါဒနဲ့ သာသာရေးအတွေးအခေါ် အမြင်မတူကြပေမယ့်လည်း နာဇီလက်ကျန် ပရော်ဖက်ဆာဘွန်ဇင်မယ်ကို ဘယ်လိုဖမ်းမလဲဆိုတဲ့ ရည်ရွယ်ချက်ခြင်းတော့တူကြပါတယ်။ လူတွေက stereotype အဖြစ် သတ်မှတ်ထားကြတဲ့ ပြင်သစ်လူမျိုး ယောကျာ်းကာရိုက်တာ misogynistic(ဖိုဝါဒီ)ကို သရော်ထားပြီး မပျင်းရအောင် တင်ဆက်ထားတာမို့ စပိုင်ကားကောင်းကောင်းကြည့်ချင်နေတဲ့သူတွေအတွက် ညွှန်းပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ PTပဲဖြစ်ပါတယ်) File size…(1.8 GB)/(944 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Crime, Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by PT
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 1080p | 1.8GB | Download | |
| 720p | 944MB | Download | |
| 720p | 944MB | Download | |
| 720p | 944MB | Download | |
| 720p | 944MB | Download | |
| 720p | 944MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
0.0 / 10
Director