
Oru Kadha Sollattaa Sir (2024) ဆန်းကြယ်သောစာအုပ်တစ်အုပ် Imdb 7.2 လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ဘုရင်ခေတ်လက်ထက်တုန်းက စုန်းမမင်းသမီးတစ်ပါးရှိခဲ့တယ် ကလေးတွေရဲ့နှလုံးသားနဲ့ဆေးဖော်ပြီး ထာဝရနုပျိုအောင်လုပ်ခဲ့သူပေါ့ အနီးအနားရွာတွေ ကလေးတွေပျောက်နေပေမဲ့ဘာဆက်ဖြစ်မှန်းမသိရတာနဲ့ အတိတ်နဲ့အနာဂတ်ကိုကျွမ်းကျင်ပိုင်နိုင်တဲ့ ဘုန်းတော်ကြီးတစ်ပါးဆီသွားရောက်မေးမြန်းခဲ့ကြတယ် အဖြစ်မှန်ကိုသိခဲ့ကြပေမဲ့ သူတို့မှာကတားဆီးနိုင်စွမ်းမရှိခဲ့ဘူးလေ ဘာလို့လဲဆိုတော့ ဒီစုန်းမကိုသတ်နိုင်တဲ့လူကမမွေးလာသေးလို့ပါပဲ ဒီကလေးက လသစ်ထွက်မဲ့ညမှာမွေးလာမှာဖြစ်ပြီး သူတစ်ယောက်ပဲတားဆီးနိုင်မယ် သူမမွေးလာခင်ထိ ဘာမှမတတ်နိုင်ဘူးလို့ ဘုန်းတော်ကြီးကဟောကိန်းထုတ်ခဲ့ပြီး ဂမ္ဘီရစာအုပ်ထဲ ချရေးခဲ့ပါတယ် လက်ရှိခေတ်… ဇာတ်ညွှန်းရေး ဒါရိုက်တာအရမ်းဖြစ်ချင်နေတဲ့ ကာရူနာ ဒါပေမဲ့ရေးတဲ့ဇာတ်လမ်းတိုင်းကတိုတိုတုတ်တုတ်တွေမို့ ဒါရိုက်တာကြီးကအချိန်ယူပြီးကောင်းတာလေးရေးဆိုပြီးပြောလွှတ်လိုက်လေရဲ့ သူ့လိုရည်မှန်းချက်တူတဲ့သူငယ်ချင်း၂ယောက်လည်း ရှိပါသေးတယ် သူတို့၃ယောက်က ဇာတ်ညွှန်းရေးမယ်ဆိုပြီး အိမ်တစ်လုံးသီးသန့်ငှားခဲ့တယ် ဒီအိမ်ကလည်း ဈေးဘယ်လောက်ခေါ်ခေါ် မရောင်းဘဲတင်းခံထားတဲ့အိမ်ပါ ဒီအိမ်ကြီးမှာရောဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ ဒီအိမ်ထဲ ၃ယောက်သားဇာတ်ညွှန်းရေးကြရင်း ကာရူနာ့အဘိုးထားခဲ့တဲ့ ဂမ္ဘီရစာအုပ်ထဲချရေးမိရာက ရေးသမျှက လက်တွေ့ဖြစ်လာတဲ့အခါမှာတော့…. ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.03GB | Download | |
| 1080p | 2.03GB | Download | |
| 1080p | 2.03GB | Download | |
| 720p | 896MB | Download | |
| 720p | 896MB | Download | |
| 720p | 896MB | Download | |
| 720p | 896MB | Download | |
| 720p | 896MB | Download |
ထုတ်လွှင့်သည့်နေ့
Invalid Date
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
6.0 / 10
Director