
အခုတစ်ခေါက်တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Action/Horror အမျိုးအစားရုပ်ရှင်ကားလေးဖြစ်ပါတယ်. ဒီကားလေးမှာဆိုရင် မသေမျိုးအဖြစ်ပြောင်းသွားတဲ့ ဘုန်းတော်ကြီး တစ်ပါးနှင့် လက်မရွံ့အဖွဲ့တို့ဟာ ကျွန်းတစ်ကျွန်းပေါ်မှာ ပျောက်သွားတဲ့ စစ်သားများကို လိုက်လံရှာဖွေရတဲ့အကြောင်း ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်.. အကြောင်းကြောင်းကြောင့် မသေမျိုးဖြစ်သွားတဲ့ ဘုန်းတော်ကြီး တစ်ပါးဟာ ဇာတ်မြှုပ်ရင်း နေထိုင်နေစဉ်မှာ စစ်ဗိုလ်နှစ်ယောက် ရောက်ရှိလာပြီး အပေးအယူလုပ်ကာ အသေခံစစ်ဆင်ရေး လုပ်ရမယ့် ကျွန်းသို့ ပို့ဆောင်ခြင်း ခံခဲ့ရပါတယ်.. သို့သော်လည်း ၎င်းနှင့်အတူပါလာတဲ့ အဖွဲ့သားများဟာ တကယ့်စစ်ဆင်ရေးရဲ့ သရုပ်သကန်အမှန်ကို မသိထားဘဲ စစ်သားပျောက်ရှာဖွေရေးအနေနဲ့သာ သိရှိခဲ့ပါတယ်.. ရွာတစ်ရွာအရောက် စစ်သားများအကြောင်း စုံစမ်းမေးမြန်းရာ အနီးအနားရှိ အမေရိကန်စစ်စခန်းတစ်ခုရှိကြောင်း သိရ၍ သွားရောက်ကြတဲ့အခါမှာတော့ ရုပ်ပျက်ဆင်းပျက် အလောင်းများကို နေရာအနှံ့တွေ့ရပြီး တိုက်ပွဲဒဏ်ရာမဟုတ်မှန်း သတိထားမိကာ ထိတ်လန့်ကြရပါတော့တယ်.. ထိုသို့ ထိတ်လန့်ခြင်းနဲ့အတူ ရှိနေကြစဉ်မှာပဲ သွေးစုပ်ဖုတ်ကောင်များ ရုတ်တရက် ပေါ်ပေါက်လာချိန်မှာတော့ ဘုန်းတော်ကြီးနှင့် အဖွဲ့သားတို့ အသက်ဘေးအန္တရာယ်ရှိလာပါတော့တယ်.. ထိုအသက်ဘေးကို လက်မရွံ့အဖွဲ့သားများ လွတ်မြောက်နိုင်ကြမလား… သေချင်နေတဲ့ မသေမျိုးဘုန်းတော်ကြီးရော ဆန္ဒပြည့်သွားမလား…. အသက်နဲ့ခန္ဓာကို သွေးစုပ်ဖုတ်ကောင်တို့လက်ထဲပဲ ဝကွက်အပ်လိုက် ရသလားဆိုတာကိုတော့ ဇာတ်ကားလေးကို ကြည့်ရှုခံစားရင်း အဖြေရှာ ကြည့်ကြစေချင်ပါတယ်… ဒီကားလေးမှာဆိုရင် အက်ရှင်ကားချစ်သူများအတွက် သေနတ်ပစ်ခန်းများ ပါရှိသလို သည်းထိတ်ရင်ဖိုရုန်းရင်းဆန်ခတ် သွေးစုပ်ဖုတ်ကောင်များနှင့် နပန်းလုံးကြတဲ့အခန်းများ ပါရှိတဲ့အတွက် ပရိသတ်များ မြည်းစမ်း ကြည့်နိုင်ကြဖို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ…. File size… (1.31 GB) / (787 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre …. Action , Adventure , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.31 GB | Download | |
| 1080p | 1.31 GB | Download | |
| 1080p | 1.31 GB | Download | |
| 1080p | 1.31 GB | Download | |
| 720p | 787 MB | Download | |
| 720p | 787 MB | Download | |
| 720p | 787 MB | Download | |
| 720p | 787 MB | Download | |
| 720p | 787 MB | Download |