
ဆောင်းရာသီအေးအေးလေးမှာ နှင်းတောထဲက တွေးစရာတွေအပြည့်နဲ့ suspenseဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ နှင်းတွေဖုံးလွှမ်းနေတဲ့ တောထဲကသစ်လုံးအိမ်လေးမှာ တစ်ယောက်ထဲစိတ်ညစ်ညစ်နဲ့အရက်မူးနေတဲ့ သစ်တောထိန်းသိမ်းရေးသမားတစ်ယောက်…… သူမနက်နိုးလာတဲ့အချိန်မှာ လူတစ်ယောက်ဟာသေနတ်တစ်လက်နဲ့ အိမ်ထဲကိုအတင်းဝင်လာပါတယ်။ သူဟာသစ်တောဆိုင်ရာရဲအရာရှိတစ်ယောက်ဖြစ်ပြီး တားမြစ်သားကောင်တွေကိုအမဲပစ်တဲ့ တရားခံကိုဖမ်းရင်းရောက်လာပါတယ်လို့ပြောပြီး သူ့ကိုတရားမဝင်မုဆိုးကူဖမ်းပေးဖို့ပြောလာတယ်။ အဲဒီမတိုင်ခင် မနက်မိုးမလင်းခင်မှာသစ်လုံးအိမ်ကိုရောက်လာပြီး မိန်းမရဲ့ကွာရှင်းစာနဲ့ အရက်ပုလင်းတွေယူလာပေးတဲ့ တစ်ရွာတည်းသား သူငယ်ချင်းတစ်ယောက်…… သူဟာပြန်သွားချိန်မှာ တောထဲမှာလမ်းပျောက်သွားခဲ့လို့ သစ်လုံးအိမ်ကိုပြန်လာတာလို့ပြောပြန်တယ်။ အဲဒီနောက် သေနတ်တစ်လက်နဲ့ရဲအရာရှိတစ်ယောက်ရောက်လာပြန်တယ် သူကလဲ တရားမဝင်မုဆိုးကိုလိုက်ဖမ်းနေတာလို့ပြောပြန်တယ်။ တကယ်ပဲ ဘယ်သူပြောတဲ့ဇာတ်လမ်းကအမှန်ဖြစ်နေမလဲ…… ဘယ်သူကတရားမဝင်မုဆိုးဖြစ်မလဲ……. နှင်းတောထဲကလျှို့ဝှက်ချက်ရဲ့အဖြေဟာဘာဖြစ်နေမလဲ…….