
၂၀၁၄ခုနှစ်က ထွက်ရှိခဲ့တဲ့ အမှန်တကယ်ကြုံးတဲ့ တရုတ်အက်ရှင်ကားဟောင်း ကားကောင်းတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဂျပန်ခေတ် တရုတ်နိုင်ငံရှန်ဟိုင်းမြို့ကို နောက်ခံထားပြီး ဂိုဏ်းတွေ ဂိုဏ်းခေါင်းဆောင်တွေရဲ့ ပိုင်နက်အရှုပ်တော်ပုံတွေကြားက ကွန်ဖူးပညာပြခန်းတွေကို တစ်ဝကြီးကြည့်ရှုရမှာပါ။ ဖက်တီးမင်းသားလို့ ကျွန်တော်တို့ခေါ်ကြတဲ့ Sammo Hungလည်း ပါဝင်ထားပါတယ်။ IMDbကတော့ 6.7ပါ။ ၁၉၃၀ပြည့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ဟာ လူတိုင်းအတွက် နိဗ္ဗာန်ဘုံ တစ်ခုဆိုသလိုပဲ ကြီးပွားချမ်းသာချင်သူတွေ လာကြတဲ့မြို့ကြီးပါ။ ဒါပေမဲ့ အလွှာပေါင်းစုံ၊ လူပေါင်းစုံရှိနေတဲ့ မြို့ကြီး ဖြစ်နေတာရယ် ခေတ်မီတိုးတက်သလောက် ဒုစရိုက်မှု၊ ခေါင်းပုံဖြတ်မှုတွေ အတော် များတာရယ်ကြောင့် ကောင်းစားသွားသူထက် လက်လျော့သွားသူ၊ အသက်ပေးလိုက်ရသူတွေက ပိုများနေတာပါ။ မာဝေကျင်းဆိုတဲ့ ကောင်လေးတစ်ယောက်ကလည်း ရှန်ဟိုင်းမြို့ကို ကြီးပွားချင်တဲ့စိတ်နဲ့ ရောက်လာခဲ့သူပါ။ ရှန်ဟိုင်းမြို့ကြီးမှာ ကြုံရာ အလုပ်တွေ ဝင်လုပ်ရင်း ရှန်ဟိုင်းရဲ့ ဒိတ်ဒိတ်ကြဲ ဂိုဏ်းခေါင်းဆောင် လောင်ကျဲနဲ့ သွားဆုံမိပါတယ်။ ဂိုဏ်းပေါင်းစုံရဲ့ ဘုံရန်သူ ဖြစ်နေတဲ့ လောင်ကျဲကလည်း ကွန်ဖူးထူးချွန်တဲ့ မာဝေကျင်းကို တပည့်အဖြစ် မွေးလိုက်ပါတယ်။ ဒီလိုနဲ့ပဲ မာဝေကျင်းနဲ့ လောင်ကျဲတို့က ရှိလာတဲ့ ရန်သူမှန်သမျှကိုတိုက်ခိုက်ရင်း ရှန်ဟိုင်းမြို့က ကိုယ်စီအိပ်မက်တွေ မပျက်စီးအောင် ထိန်းသိမ်းကြပါတော့တယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ ) File Size__(2GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.7/10 Format__mkv Duration__01:39:00 Type__Action, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt