
1920-1930 ခုနှစ်ဝန်းကျင်လောက်က ရှန်ဟိုင်းမြို့ကြီးမှာ ဖြစ်ပါတယ်။ မြစ်ကမ်းစပ်မှာ သေတ္တာတစ်လုံးတွေ့ပြီး အထဲမှာ အမျိုးသမီးအလောင်းတစ်လောင်း တွေ့တဲ့အတွက် ရှာဖေးလမ်းရဲစခန်းက တိုင်ကြားမှုကို လက်ခံရရှိခဲ့ပါတယ်။ အင်္ဂလန်က ပညာသင်ပြီး ပြန်လာတဲ့ အမျိုးသမီးစုံထောက်အသစ်စီးမာနန်က ဒီအမှုပို ဦးဆောင်စစ်ဆေးဖို့ တာဝန်ယူခဲ့ပါတယ်။ အထက်က ၅ ရက်အတွင်း အမှုဖော်နိုင်ရမယ်ဆိုတဲ့ ဖိအားကြောင့် စီးမာနန်၊ လော်ချုံးနဲ့ ချန်ခယ်တို့ဟာ အမှုကို ဖြေရှင်းဖို့ သဲလွန်စတွေကို လိုက်ရှာပါတော့တယ်။ အလောင်းကို စစ်လိုက်တော့ သတ်ဖြတ်ပုံသတ်ဖြတ်နည်းက ထူးခြားနေတာကို တွေ့ရှိရပါတယ်။ သေသူရဲ့ ရင်ဘတ်ကို ခွဲစိတ်ဓားနဲ့ သပ်သပ်ရပ်ရပ်ခွဲပြီး နှလုံးကို ထုတ်ထားတာဖြစ်ပါတယ်။ ဒီလို ရက်စက်တဲ့ လူသတ်နည်းမျိုးကို လုပ်နိုင်တဲ့လူက ရှန်ဟိုင်းမှာသိပ်မရှိလှပါဘူး။ မြစ်ဘေးမှာ သေတ္တာထဲက အမျိုးသမီးအလောင်းတွေ ဆက်တိုက်တွေ့ရတဲ့အခါမှာတော့…… စီးမာနန်တို့တစ်တွေ တရားခံအစစ်ကို ရှာတွေ့နိုင်မလား…… တရားခံအစစ်က ဘယ်သူဖြစ်လိမ့်မလဲ…… တရားခံက ဘယ်လိုအကြောင်းကြောင့် အမျိုးသမီးတွေကိုပဲ သတ်ဖြတ်ရတာလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ အဖြေရှာလိုက်ရအောင်နော်။